တော့တီနှင့် ဇနီးဖြစ်သူ ဘလာဆီတို့ ကွာရှင်းတော့မည်ဟု သတင်းထွက်

တော့တီနှင့် ဇနီးဖြစ်သူ ဘလာဆီတို့ ကွာရှင်းတော့မည်ဟု သတင်းထွက်
Photo: football-italia
Photo: football-italia
Published 24 February 2022

ရိုးမားအသင်းဂန္ထဝင်ကွင်းလယ်လူ တော့တီနှင့် သူ၏ ဇနီးဖြစ်သူ ဘလာဆီတို့ ကွာရှင်းတော့မည်ဖြစ်ကြောင်း သိရသည်။

သူတို့နှစ်ဦးသည် ၂၀၀၅ ခုနှစ်၊ ဇွန်လအတွင်း တရားဝင်လက်ထပ်ခဲ့ပြီး ချစ်သူသက်တမ်းနှင့် အိမ်ထောင်သက်တမ်းနှစ်ခုပေါင်းပါက အနှစ် (၂၀)ကြာ ချစ်သက်တမ်းရှိပြီဖြစ်သည်။

အီတလီမီဒီယာများ၏ဖော်ပြချက်အရ တော့တီသည် အခြားအမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်နေပြီး အဆိုပါအမျိုးသမီးမှာ ဘလာဆီ၏ ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်ကြောင်း သိရသည်။

တော့တီနှင့် ဘလာဆီသည် ရင်သွေး (၃)ဦးပိုင်ဆိုင်ထားကြောင်း သိရသည်။

Most Read

Most Recent