လူကာကူအား ပြန်လည်ခေါ်ယူခဲ့သည့် ချယ်လ်ဆီးအသင်းကို အွန်နရီ မေးခွန်းထုတ်

လူကာကူအား ပြန်လည်ခေါ်ယူခဲ့သည့် ချယ်လ်ဆီးအသင်းကို အွန်နရီ မေးခွန်းထုတ်
Photo: Daily Mail
Photo: Daily Mail
Published 24 February 2022

အာဆင်နယ်ဂန္ထဝင် အွန်နရီက လိုင်လီနှင့်ပွဲတွင် အသုံးမပြုခဲ့သည့် လူကာကူအား ပြန်လည်ခေါ်ယူခဲ့သည့် ချယ်လ်ဆီးအသင်း၏ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့သည်။

လူကာကူသည် အင်တာမီလန်အသင်းတွင် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၉၅)ပွဲတွင် (၆၄)ဂိုးသွင်းယူပြီး ခြေစွမ်း ပြနိုင်ခဲ့သည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေတွင် လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၉၇.၅)သန်းဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။

သို့သော် လူကာကူသည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး အရေးကြီးသည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်ပါ ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

အွန်နရီက ''ချယ်လ်ဆီးအသင်းမှာ လူကာကူ အံဝင်ပါ့မလားဆိုတဲ့မေးခွန်းကို ကျွန်တော် တွေးမိပါတယ်။ လူကာကူကို ခေါ်ယူထားတဲ့ နည်းပြအနေနဲ့ သူ့ကို ကိုယ့်ကစားကွက်နဲ့ကိုက်ညီအောင် ကစားခိုင်းမလား၊ ဒါမှမဟုတ် သူနဲ့ကိုက်ညီမယ့် ကစားကွက်ကို ပြောင်းလဲမလားဆိုတာ ဆုံးဖြတ်ရမှာပါ။ လူကာကူအနေနဲ့ ချယ်လ်ဆီးကစားကွက်အတိုင်း လိုက်ကစားမယ်ဆိုရင် အချိန်ယူရမှာ ဖြစ်သလို၊ လွယ်လည်းမလွယ်လောက်ပါဘူး။ ချယ်လ်ဆီးက Press ကစားတဲ့အသင်းဖြစ်ပြီး ရွေ့လျားနိုင်တဲ့ကစားသမား လိုတာပါ။ လူကာကူက အဲဒီလို မလုပ်နိုင်ပါဘူး။ ဘာကြောင့် လူကာကူကို သူတို့ခေါ်တာလဲဆိုတာကို ကျွန်တော် စဉ်းစားလို့မရပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent