ထိုင်းနိုင်ငံရှိ ခရီးသွားလာရေး အဖွဲ့အ စည်းများက ဧပြီလတွင်ကျရောက်မည့် Easter အားလပ်ရက်များအတွက် ခရီးသွားဝင်ရောက်မှုကို မြှင့်တင်နိုင်ရန် နိုင်ငံတကာခရီးသွားများအတွက် COVID-19 လိုအပ်ချက်များကို ဖြေလျှော့ပေးရန် အစိုးရထံတောင်းဆိုခဲ့သည်။
ခရီးသွားအသင်းများနှင့် ကောင်စီများမှ ဥက္ကဌ အယောက် ၂၀ က ပြည်ပခရီးသွားများအတွက် အစိုးရ၏ ကို ရိုနာဗိုင်းရပ်စ် စည်းမျဉ်း များကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆို သည့်စာတစ်စောင်ကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ဆက်စပ်တာဝန်ရှိသူများထံအ ဆိုပြုတင်သွင်းခဲ့ကြသည်။
ပရာယွတ်သည် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ထိုင်းနိုင်ငံအတွက် ညွှန်ကြားချက်များကို စီစဉ်ထုတ်ပြန်ပေးနေသည့် COVID-19 အခြေအနေ စီမံခန့်ခွဲရေးစင်တာ (CCSA)၏အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။
ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲဖြင့်ရေးသား ပေးပို့ခဲ့သည့် စာလွှာ၌ နိုင်ငံတကာခရီးသွား များအား ၎င်းတို့နေထိုင်သည့် ငါးရက်မြောက် နေ့တွင် ဒုတိယအကြိမ် RT-PRC စစ်ဆေးမှုလုပ်ဆောင်ရမည့် လိုအပ်ချက်ကို ဖြေလျှော့ ပေးရန်အတွက် စဉ်းစားသုံးသပ်ပေးရန်ခရီးသွားကဏ္ဍက CCSA ထံ တောင်းဆိုခဲ့သည်။
“ဘာကြောင့်လဲဆိုတော့ ငါးရက်မြောက် နေ့မှာပြည်ပခရီးသွားတွေကြား ကူးစက်မှုနှုန်း ဟာ လက်ရှိဒေသတွင်း ကူးစက်မှုနှုန်းထက် များစွာလျော့နည်းနေတာကြောင့် ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ခရီးသွားတွေရဲ့ကုန်ကျစရိတ် ကိုလည်းလျှော့ချပေးနိုင်ပါတယ်”ဟု စာထဲတွင် ရေးသားထားသည်။
အခြား တောင်းဆိုချက်များ၌ ခရီးသွား လာမှု အာမခံပမာဏကို ဒေါ်လာ ၅၀,၀၀၀ မှ ဒေါ်လာ ၂၅,၀၀၀ အထိ လျှော့ချပေးရန်နှင့် COVID-19 ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိသည့် ခရီးသွားများ၏ ကွာရန်တင်း ကာလကို ၁၀ ရက်မှ ငါးရက်အထိ လျှော့ချပေးရန် ပါဝင်သည်။
လက်ရှိတွင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသည့် ခရီးသွားများသည် ဆေးရုံ၊ဟိုတယ် သို့မဟုတ် ကွာရန်တင်း စင်တာများတွင် ဆေးကုသမှု ခံယူရန်အတွက် ၁၀ ရက် သီးခြားနေထိုင်ရန် လိုအပ်သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် ပထမရက်အတွင်း COVID-19 ကူးစက်ခံထားရခြင်း မရှိကြောင်း စစ်ဆေးတွေ့ ရှိသည့် ခရီးသွားများကို ကွာရန်တင်းလိုအပ် ချက်များ ဖြေလျှော့ပေးရန် ခရီးသွားအဖွဲ့အစည်းများက CCSA ကို တောင်းဆိုထားသည်။
“ကျွန်တော်တို့ရဲ့ခရီးသွားကဏ္ဍ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ ဂျပန်လိုနိုင်ငံတွေဟာ ဧပြီလမှာ ခရီးသွားလာမှု ကန့်သတ် ချက်တွေကို ဖြေလျှော့ပေးဖို့အတွက် ကြေညာဖို့ ပြင်ဆင်နေကြပါပြီ”ဟုလည်း စာထဲတွင်ရေးသားထားသည်။
ယင်းနိုင်ငံများ၏ ခရီးသွားကဏ္ဍဖြေလျှော့မှုသည် ထိုင်းနိုင်ငံသည် ကမ္ဘာ့စင်မြင့်တွင် ခရီးသွားကဏ္ဍ၌ ၎င်း၏ယှဉ်ပြိုင်မှု ရှုံးနိမ့်ရန် လမ်းစဖြစ်နေပြီး ဆိုလိုရင်းမှာ ခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံသို့ လာမည့်အစား ကန့်သတ် ချက်များ ဖြေလျှော့ထားသည့် နိုင်ငံများသို့သွားရောက်လည်ပတ်ရန် ရွေးချယ်ကြလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း စာထဲတွင်ရေးသားဖော်ပြခဲ့သည်။














