ဒဂုံတောင်မြို့နယ် ၅၄ ရပ်ကွက် သစ္စာလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီ ၇ ရက် နံနက် ၇ နာရီခွဲခန့်တွင် အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်စီးလာပြီး ဒဂုံတောင်မြို့နယ် ၊ ၅၄ ရပ်ကွက်၊ သစ္စာလမ်းတွင် ဖွင့်ထားသည့် အသုပ်ဆိုင်အတွင်းသို့ ဗုံးပစ်ထည့်ခဲ့သဖြင့် ဆိုင်အတွင်းမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနေရာ အနီးနေသူများထံမှ သိရသည်။
အသုပ်ဆိုင်ထဲလာပြီး ဗုံးနဲ့ပစ်သွားတာ။ ပေါက်ကွဲသံ နှစ်ချက် ကြားလိုက်ရတယ်။ ဆိုင်ထဲက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၆ ရက် ညနေပိုင်းက ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။















