ယူကရိန်း ခွဲထွက်ရေးသမားများနှင့် ဆက်နွှယ်နေသည့် အကောင့်များကို Youtube နှင့် Facebook တို့က ဖေဖော်ဝါရီ ၄ ရက်တွင် ပိတ်ပစ်ခဲ့သည်ဟု ယူကရိန်း ခွဲထွက် ရေးသမားများ၏ အဆိုအရ သိရသည်။
ဆိုဗီယက်ယူနီယံ အဖွဲ့ဝင်ဟောင်းဖြစ် သည့် အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူး ကျော်လာနိုင်သည့် အခြေအနေနှင့် ပတ် သက်၍ ရုရှားနှင့် အနောက်နိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ယခုဖြစ် စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယား ကျွန်း ဆွယ်ကို ရုရှားက သိမ်းယူခဲ့ပြီးနောက်ပိုင်း ရု ရှားနှင့် နယ်မြေချင်း ထိစပ်နေသည့် ခွဲထွက် နယ်မြေများသည် ယူကရိန်း စစ်တပ်နှင့် တိုက် ပွဲများ ဖြစ်ပွားလာခဲ့သည်။
မိမိဘာသာ ကြေညာထားသော လူဂန့်စ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဒိုးနက်စ် ပြည်သူ့သမ္မတ နိုင်ငံတို့မှ အာဏာပိုင်များက လွှင့်တင်ထားသည့် ချန်နယ်အချို့ကို ဝင်ရောက်ခွင့်မ ရတော့ခြင်းဖြစ်ကြောင်း သိရသည်။
မိမိတို့ ချန်နယ်များအား တစ်စုံတစ်ရာ ရှင်းလင်းချက် မပေးဘဲ ပိတ်ပင်ခဲ့သည်ဟု လူဂန့်စ် အာဏာပိုင်များက ၎င်းတို့၏ တရားဝင် သတင်းဝက်ဘ်ဆိုက်မှ ပြောကြားခဲ့သည်။
လူဂန့်စ် သတင်းပြန်ကြားရေးဌာန၏ ချန်နယ်ကိုလည်း ဖေဖော်ဝါရီ ၄ ရက်က အ သုံးပြုနိုင်ခြင်း မရှိတော့ဘဲ Youtube ၏ Community Guidelines များကို ချိုးဖောက် မှုအတွင် ချန်နယ်ကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည် ဆိုသော မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့ သည်ဟုလည်း သိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဒိုးနက်စ် ပြည်သူ့စစ်အဖွဲ့က လွှင့်တင်ထားသည့် ခွဲ ထွက်ရေးသမားများ၏ အခြား ချန်နယ်အ ချို့တွင်လည်း အလားတူ မက်ဆေ့ချ်များကို လက်ခံရရှိခဲ့သည်။
သီးခြားအနေဖြင့် Facebook ကလည်း လူဂန့်စ် ပြည်သူ့စစ်အဖွဲ့၏ ပေ့ချ်ကို ပိတ်ပစ် ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ရုရှားနိုင်ငံ ပိုင် သတင်းဌာနဖြစ်သည့် RIA Novosti သို့ ပြောကြားခဲ့သည်။ လတ်တလောတွင် ဆီ လီကွန်ဗေးလီး အခြေစိုက် နည်းပညာ ကုမ္ပ ဏီကြီးများဖြစ်သည့် Youtube နှင့် Facebook တို့က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။
ရုရှားသည် နယ်စပ်မှတစ်ဆင့် တပ်ဖွဲ့ ဝင်များနှင့် စစ်လက်နက်များ ပေးပို့ကာ ခွဲ ထွက်ရေး သူပုန်များကို ထောက်ခံအားပေး နေသည်ဟု ယူကရိန်းနှင့် ၎င်းင်း၏မဟာမိတ် အနောက်နိုင်ငံများက စွပ်စွဲထားကာ ရုရှားအ စိုးရကမူ ၎င်းင်းစွပ်စွဲချက်များကို ငြင်းဆန်ထား သည်။
မကြာသေးမီ လများအတွင်း ရုရှားသည် တပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော်ကို ယူက ရိန်းနှင့် နယ်စပ်တစ်လျှောက်တွင် ဖြန့်ကြက် ချထားခဲ့မှုကြောင့် ရုရှားက ကျူးကျော်မှု ပြု လုပ်လာနိုင်သည့်အပေါ် အနောက်နိုင်ငံများ ၏ ခေါင်းဆောင်များက သတိပေးထားသည်။
ရုရှားအစိုးရက ယူကရိန်းကို ကျူးကျော် ရန် အစီအစဉ်မရှိကြောင်း တွင်တွင်ငြင်းဆို ထားသော်လည်း တင်းမာမှုများ လျှော့ချရန် အလို့ငှာ လုံခြုံရေး အာမခံချက် အများအပြား ကို ပြန်လည်တောင်းဆိုထားသည်။
ရုရှားအစိုးရက ၎င်းတို့နိုင်ငံသားများအပေါ် ယူကရိန်းက တိုက်ခိုက်နေသည့်အသွင် လုပ်ကြံဇာတ်လမ်းထွင်ရန် စီစဉ်နေသည့် အ ထောက် အထားရှိကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောဆိုထားသည်။
ယူကရိန်း အရေးနှင့်ပတ်သက်၍ တင်း မာမှုများကို လျှော့ချရန် ကြိုးပမ်းမှုအဖြစ် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် တို့သည် ယခုလအတွင်း ရုရှားနှင့် ယူကရိန်း နိုင်ငံများ သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။














