စပိန်လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 January 2022

ဗယ်လက်ကာနို - ဘက်တစ် (တနင်္ဂနွေည ရး၃၀ နာရီ) 

နှစ်သစ်အဖွင့် အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုကို အရှုံးပေး လိုက်ရတဲ့ပွဲက ခြေစွမ်းနဲ့စိတ်ဓာတ်မျိုးနဲ့တော့ ဒီရာသီဥရောပ ရဲ့အိမ်ကွင်းအကောင်းဆုံးအသင်းဘွဲ့ကို ပိုင်ဆိုင်ထားတဲ့ ဗယ် လက်ကာနိုကို ဘက်တစ် ရင်ဆိုင်နိုင်ဖို့ မလွယ်လှဘူး။ အိမ်ရှင် ဗယ်လက်ကာနိုကိုပဲရွေးထားမယ်။ ဂိုးလည်းများမယ်။

ဆီဗီလာ - ဂီတာဖေး (တနင်္ဂနွေည ၉း၄၅ နာရီ)

ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေကြားမှာ ဆီဗီလာ အတိမ်း အစောင်းမရှိအောင် ထိန်းသွားနေနိုင်တာ တွေ့ရတယ်။ ရီးယဲလ် ကိုလည်း ဖိအားဆက်ပေးထားနိုင်တဲ့ အခြေအနေမျိုးမှာ ဆီဗီ လာအမှားနည်းအောင် သတိထားကစားလာဖို့လည်းများနေ တယ်။ အိမ်ရှင်အခွင့်အရေးလည်းရှိနေတဲ့ ဆီဗီလာပဲ နိုင်ပွဲရသွား မယ်ထင်တယ်။ ဂိုးတော့နည်းမယ်။

အလာဗတ်စ် - ဘီလ်ဘာအို (တနင်္လာနံနက် ၀၀း၀၀ နာရီ)

ကိုဗစ်ဒဏ်ကြား အဝေးကွင်းမှာ နိုင်ပွဲလည်းရ တိုက်စစ်ပုံစံ ကောင်းလည်းပြနိုင်ခဲ့လို့ ဘီလ်ဘာအိုအတွက် အားတက်စရာ ပါပဲ။  ဒီတစ်ပွဲလည်း အဝေးကွင်းပေမဲ့ ဘီလ်ဘာအိုကို ဆက်ပြီး မျှော်လင့်လို့ရမယ်ထင်တယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပါပဲ။

အိုဆာဆူနာ - ကာဒစ်ဇ် (တနင်္လာနံနက် ၀၀း၀၀ နာရီ)

ကိုဗစ်ကြောင့် အိုဆာဆူနာ အခက်ကြုံနေရမှုကို ကာဒစ်ဇ် အခွင့်အရေးယူသွားနိုင်တယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာ ရီး ယဲလ်ကို သရေခံကစားခဲ့တဲ့ ခြေစွမ်းမျိုးနဲ့ဆို ဒီပွဲကိုလည်း ကာဒစ်ဇ် သရေတစ်မှတ်လောက်ရအောင်ကစားဖို့ မခက်လှဘူးထင်တယ်။ ကာဒစ်ဇ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

ဗီလာရီးယဲလ် - အက်သလက်တီကို (တနင်္လာနံနက် ၂း၃၀ နာရီ)

အက်သလက်တီကိုမှာလည်း ကိုဗစ်ပြဿနာရှိနေတယ်။ နှစ်သစ်ပွဲဦးကို အနိုင်နဲ့ပြန်စနိုင်ခဲ့ပေမဲ့ အိမ်ကွင်းခြေစွမ်းကတော့ အားရစရာသိပ်မကောင်းလှသေးတာအမှန်ပဲ။ အခုရင်ဆိုင်ရ မယ့် ဗီလာရီးယဲလ်က အကောင်းဆုံးပုံစံရနေတဲ့အပြင် အိမ်ကွင်း တိုက်စစ်အားလည်းကောင်းနေတယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်း ဘက်ကို ရွေးထားရမယ့် ပွဲလို့ထင်တယ်။ 

 

Most Read

Most Recent