အပြာရောင်လန်ဒန်ကလပ်ကို ပြောင်းရွှေ့လာမယ့် ဆမ်ဘာကြယ်

အပြာရောင်လန်ဒန်ကလပ်ကို ပြောင်းရွှေ့လာမယ့် ဆမ်ဘာကြယ်
Photos: Getty Images
Photos: Getty Images
Published 22 May 2024
Zay Yar Htun

ပြီးခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ ပါးလ်မီးရပ်စ်အသင်းရဲ့ ဘရာဇီးလ်ဆယ်ကျော်သက် တောင်ပံတိုက်စစ်ကစားသမား အက်စ်တယ်ဗာယိုဝီလီယံကို ခေါ်ယူဖို့ သဘောတူညီချက် ရယူနိုင်ခဲ့တယ်။ အက်စ်တယ်ဗာယိုအတွက် ချယ်လ်ဆီးအသင်းအသုံးပြုရမယ့် ပြောင်းရွှေ့ကြေးက ယူရို(၃၄)သန်းဖြစ်ပြီး အသင်းရဲ့ အောင်မြင်မှုနဲ့ Add-ons ကြေးတွေကို ထည့်တွက်ရင် စုစုပေါင်း ယူရို(၆၇)သန်းဝန်းကျင် ကုန်ကျနိုင်တယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဘရာဇီးလ်ဆယ်ကျော်သက်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ အက်စ်တယ်ဗာယိုကို အရင်စိတ်ဝင်စားခဲ့တဲ့အသင်းက စပိန်ထိပ်သီး ဘာစီလိုနာအသင်းပါ။ ဒါပေမဲ့ ဘဏ္ဍာရေးအကျပ်အတည်းကိစ္စတွေကြောင့် ဘာစီလိုနာအသင်းဟာ အက်စ်တယ်ဗာယိုကိုခေါ်ယူဖို့ လက်လျှော့ခဲ့ရတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ အပြာရောင်လန်ဒန်အသင်းက အက်စ်တယ်ဗာယိုကို လက်ဦးမှုရယူခဲ့တာလို့ ဆိုနိုင်ပါတယ်။

 

Most Read

Most Recent