ဒိုင်များ မိမိအပေါ်မမျှတစွာအရေးယူသည်ဟု အာဆင်နယ်ကွင်းလယ်လူ ချာကာပြောကြား

ဒိုင်များ မိမိအပေါ်မမျှတစွာအရေးယူသည်ဟု အာဆင်နယ်ကွင်းလယ်လူ ချာကာပြောကြား
Photo: Getty Images
Photo: Getty Images
Published 2 January 2022

 

အာဆင်နယ်အသင်း၏ ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာက ပရီးမီးယားလိဂ်ဒိုင်လူကြီးများသည် မိမိအပေါ်မမျှတစွာ အရေးယူနေသည်ဟု ဝေဖန်ပြောကြားခဲ့သည်။ 

၂၀၁၆ ခုနှစ်က အာဆင်နယ်သို့ရောက်ရှိလာသော ချာကာသည် အာဆင်နယ်ကစားသမားဘဝတွင် အဝါကတ် (၄၆) ကြိမ်နှင့် အနီကတ်(၄)ကြိမ်တိုင် ပြခံထားရသည်။ 

၎င်းက Athletic သတင်းစာနှင့်တွေ့ဆုံရာ၌ "တခြားကစားသမားတွေရဲ့ ဖျက်ထုတ်မှုတွေမှာ ကျွန်တော့်ကို မြင်ယောင်ပြီး အစားထိုးကြည့်ပါ။ သူတို့နေရာမှာ ကျွန်တော်သာဆိုရင် ဒိုင်တွေက ကျွန်တော့်ကို အနီကတ်ပြ အရေးယူပြီးလောက် ပါပြီ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent