အင်္ဂလန်နဲ့ ချန်ပီယံဟောင်းများရဲ့ အားပြိုင်ပွဲ

အင်္ဂလန်နဲ့ ချန်ပီယံဟောင်းများရဲ့ အားပြိုင်ပွဲ
Photo : AFP
Photo : AFP
Published 4 July 2024
Wai Yan Aung

ကံကောင်းလို့ပါလို့ပဲ ပြောပြော၊ ဘယ်လင်ဟမ် ကယ်လိုက်လို့ပါလို့ပဲဆိုဆို အင်္ဂလန်အသင်းက ချန်ပီယံဆုဖလားရှိရာဆီ တစ်လှမ်းချင်းလှမ်းလာနိုင်ခဲ့တာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ အခု ကွာတားဖိုင်နယ်၊ ပြီးရင် ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ နောက်ထပ်(၃)ပွဲသာလိုတော့တဲ့ ချန်ပီယံခရီးမှာ အင်္ဂလန်အသင်း ပန်းတိုင်ရောက်အောင် ဆက်လျှောက်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရုံပါပဲ။ ဒီနှစ် ယူရိုပြိုင်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တွေ၊ အံ့အားသင့်စရာဖြစ်ရပ်တွေ မြင်တွေ့ခဲ့ရတယ်ဆိုပေမဲ့ လက်ရှိချန်ပီယံ အီတလီအသင်း ကျန်ရစ်ခဲ့တာကလွဲရင် ကွာတားဖိုင်နယ်ရောက်အသင်း(၈)သင်းရဲ့ အမည်စာရင်းကတော့ သိပ်ပြီးအံ့သြစရာ မကောင်းခဲ့ပါဘူး။ စပိန်၊ ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ နယ်သာလန်၊ တူရကီ၊ အင်္ဂလန်နဲ့ ဆွစ်ဇာလန်။ လက်ရှိချန်ပီယံရဲ့ လစ်ဟာမှုကလွဲရင် အသင်းကြီးတွေစုံလင်တဲ့ ကွာတားဖိုင်နယ်ဖြစ်ခဲ့ပါတယ်။

 

Most Read

Most Recent