■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 January 2022

အာဆင်နယ် - မန်စီးတီး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁ ရက် ည ၇:၀၀ နာရီ)

ကိုဗစ်ကူးစက်ခံထားရတဲ့ နည်းပြ အာတီတာအနေနဲ့ ဒီပွဲကိုတာဝန်ယူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အကောင်းဆုံးပုံစံရနေတဲ့ အာဆင်နယ်အသင်း ဖရိုဖရဲဖြစ်သွားဖို့တော့ မရှိပါဘူး။ လူငယ်တွေရဲ့ လုပ်အားနှုန်းနဲ့ မန်စီးတီးအသင်းကို အကောင်းဆုံးရင်ဆိုင်သွားဖို့ရှိပြီး တန်ပြန်တိုက်စစ်ကို အသုံးချဖို့ကြိုးစားလိမ့်မယ်။ မန်စီးတီးကလည်း ဂွါဒီယိုလာရဲ့လက်ထဲမှာ နိုင်ပွဲဆက်နေတဲ့ အသင်းဖြစ်ပြီး အာဆင်နယ်နဲ့က ခြေစွမ်းရော၊ လူအင်အားပါ ကွာပါတယ်။ တိုက်စစ်အခင်းအကျင်းမှာ ဂျေးဇူး၊ စတာလင်၊ မာရက်ဇ်၊ ဖိုဒန်၊ ဂရီးလစ်ရှ် ဘယ်ကစားသမားနဲ့ပဲ ပွဲထွက်လာလာ အာဆင်နယ်ခံစစ်ကို ဒုက္ခပေးနိုင်ပါလိမ့်မယ်။ မန်စီးတီးကို မှီဖို့လည်း အာဆင်နယ် အများကြီးလိုပါသေးတယ်။ ဒါပေမဲ့ တစ်ပွဲကောင်းအနေနဲ့ဆိုရင်တော့ အိမ်ကွင်းမှာ အာဆင်နယ်က မန်စီးတီးကို ဒုက္ခပေးနိုင်တဲ့ အနေအထားပါ။ သရေကျသွားနိုင်တယ်။ 



ဝက်ဖို့ဒ် - စပါး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁ ရက် ည ၉:၃၀ နာရီ)

ကွန်တီရဲ့ စပါးက ဆောက်သမ်တန်နဲ့ပွဲမှာ ပုံစံကောင်းပြပေမဲ့ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ အသင်းလိုက်မာကျောမှုနဲ့ ကျစ်လျစ်မှုကတော့ သိသိသာသာ တိုးတက်လာပြီ။ ခြေအရည်အသွေးပိုင်း ပိုအားကောင်းလာဖို့ပဲလိုတယ်။ အီတလီသားနည်းပြနှစ်ဦး၊ ပရီးမီးယားလိဂ်ဖလားယူဖူးသူနှစ်ဦးရဲ့ပွဲမှာ ခြေပျက်နေတဲ့ ဝက်ဖို့ဒ်ထက် ပိုမာကျောပြီး စိတ်ချရတဲ့ စပါးကို ကြိုက်တယ်။ 



ခရစ္စတယ်ပဲလေ့စ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁ ရက် ည ၁၂:၀၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က အဲဗာတန်၊ ဆောက်သမ်တန်၊ နောဝစ်ချ်တို့နဲ့ပွဲတွေမှာ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့ပြီး နောက်ဆုံး (၄)ပွဲမှာ စပါးတစ်သင်းတည်းကို ရှုံးခဲ့တယ်။ ဝက်စ်ဟမ်းကလည်း ခြေနည်းနည်းပြန်ကျလာရာကနေ နောက်ဆုံးပွဲမှာ ဝက်ဖို့ဒ်ကို ဂိုးပြတ်သွင်းပြီး နိုင်ပွဲပြန်ရှာနိုင်ခဲ့တယ်။ ဒီပွဲလည်း ဝက်စ်ဟမ်း  လန်ဒန်အသင်းတစ်သင်းနဲ့ပဲ ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲရှာဖို့တော့ ခက်နိုင်တယ်။ သရေကျဖို့များတယ်။ 

Most Read

Most Recent