လာဇီယို - ဂျီနိုအာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် ည ၁၂:၀၀ နာရီ)
စီးရီးအေမှာ ရလဒ်တွေ ဆိုးနေတာကြောင့် ဆာရီရဲ့ လာဇီယိုအသင်းဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ အီမိုဘီလီ ဂိုးတွေသွင်းနေပေမဲ့ စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၁၅)ဂိုးအထိ ပေးထားရတဲ့ လာဇီယိုရဲ့ခံစစ်ကတော့ စိတ်ပျက်စရာပါ။ ဂျီနိုအာကတော့ စီးရီးအေ (၁၄)ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ အသင်းဖြစ်လို့ လာဇီယိုတို့ ဖိအားလျော့ဖို့အတွက် ဒီပွဲကို အနိုင်ကစားလိမ့်မယ်။ လာဇီယို အနိုင်သေချာပြီး ဂိုးလည်း ပြတ်နိုင်တယ်။
ဆလာနီတာနာ - အင်တာမီလန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၈ ရက် နံနက် ၂:၁၅ နာရီ)
ချန်ပီယံလုဘက်တွေဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီတို့ ထိပ်တိုက်တွေ့ဆုံနေချိန်မှာ အင်တာတို့ အမှတ်ဖြတ်ဖို့ ကြိုးစားလိမ့်မယ်။ ဆလာနီတာနာက ရာသီကုန်ရင် စီးရီးဘီ ပြန်ဆင်းရဖို့ သေချာသလောက်ရှိနေတဲ့ အသင်းပါ။ ဒီရာသီ စီးရီးအေ (၁၇) ပွဲစလုံး ဂိုးပေးထားရတဲ့ ဆလာနီတာနာခံစစ်က ဘယ်သူပွဲထွက်ထွက် ဂိုးမြူးနေတဲ့ အင်တာတိုက်စစ်ကို ထိန်းနိုင်ဖို့မရှိဘူး။ အင်တာမီလန် ဂိုးပြတ်အနိုင်ယူပါလိမ့်မယ်။















