ချန်ပီယံလိဂ်ဖလား ရယူလိုခြင်းနှင့် ရည်မှန်းချက်မြင့်မားသည့်အသင်း၌ ကစားလိုခြင်းသာ အဓိကအချက်ဖြစ်သည်ဟု ဘာပေ ပြောကြား

ချန်ပီယံလိဂ်ဖလား ရယူလိုခြင်းနှင့် ရည်မှန်းချက်မြင့်မားသည့်အသင်း၌ ကစားလိုခြင်းသာ အဓိကအချက်ဖြစ်သည်ဟု ဘာပေ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 7 December 2021

PSG အသင်း၏ ပြင်သစ်ကြယ်ပွင့် ဘာပေက အပြောင်းအရွှေ့သတင်းများနှင့်ပတ်သက်၍ မိမိ၏သဘောထားမှာ ချန်ပီယံလိဂ်ဖလား ရယူလိုခြင်းနှင့် ရည်မှန်းချက်မြင့်မားသည့်အသင်း၌ ကစားလိုခြင်းသာ အဓိကအချက်ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

ဘာပေသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိရန် နီးစပ်နေပြီဟု ဖော်ပြမှုများရှိနေသလို၊ PSG အသင်း၏ သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။

သို့သော် Amazon Prime သတင်းမှတ်တမ်းရိုက်ကူးမှုတွင် အွန်နရီ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ဘာပေက PSG အသင်းမှ ထွက်ခွာလိုကြောင်း ဝန်ခံခဲ့သော်လည်း အနာဂတ်အတွက်မူ မယုတ်မလွန်သာ ပြောကြားခဲ့သည်။

ဘာပေက ''ယူရိုပြိုင်ပွဲကာလအတွင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကို မေးခွန်းတွေ အများကြီးထုတ်ခဲ့ပါတယ်။ မိဘတွေနဲ့လည်း အများကြီးဆွေးနွေးခဲ့ပြီး PSG အသင်းက ထွက်ခွာချင်နေတယ်ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ နွေရာသီမှာ မထွက်ခွာဖြစ်ခဲ့တာကိုတော့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် တတိယတန်းမှာ ကစားနေရတာမဟုတ်ပါဘူး။ ချန်ပီယံလိဂ်ရယူချင်တဲ့ အသင်းတစ်သင်းမှာ ကစားနေတာပါ။ ပြီးတော့ ကျွန်တော်က ပါရီသားပါ။ ဒီမှာ ကျွန်တော့်မိသားစုလည်း ရှိပါတယ်။ ရွေး ချယ်ရတာတော့ ခက်ပါတယ်။ အဓိကကတော့ ရည်မှန်းချက်မြင့်မားတဲ့ အသင်းမှာ ကစားဖို့ပါပဲ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent