■ ပရီးမီးယားလိဂ် ပွဲစဉ်-၁၅ နှင့် လာလီဂါ ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ် ပွဲစဉ်-၁၅ နှင့် လာလီဂါ ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်
Published 6 December 2021

အဲဗာတန် - အာဆင်နယ်(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် နံနက် ၂း၃၀ နာရီ)

ပရီးမီးယားလိဂ်ရဲ့ဝါရင့်စပိန်လူမျိုးနည်းပြနဲ့ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ စပိန်လူမျိုးနည်းပြတို့ ထိပ်တိုက်တွေ့တဲ့ပွဲစဉ်ဖြစ်တယ်။ ဘင်နီတက်ဇ်ရဲ့အဲဗာတန်က တဖြည်းဖြည်း ကျရိပ်ပြလာပြီး ခြေစွမ်းပိုင်း မတည်ငြိမ်ဘူး။ တိုက်စစ်ပိုင်းကလည်း အားနည်းနေတာ တွေ့ရတယ်။ အာဆင်နယ်က ဒီရာသီမှာ အူဘာမီယန်းရဲ့ ဂိုးသွင်းခြေက စိတ်မချရဘူးဖြစ်နေတယ်။ အခွင့်အရေးကောင်းတွေ ဖြုန်းတီးနေတာလည်း တွေ့ရတယ်။ ဒါပေမဲ့ ဖန်တီးမှုအားကောင်းသလို၊ လုပ်အားနှုန်းလည်းကောင်းတယ်။ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် မြန်နှုန်းမြင့် Transition တွေကိုလည်း တွေ့ရတယ်။ စမစ်ရိုး၊ ဆာကာတို့က အရေးပါတဲ့အခန်းကဏ္ဍကို ရောက်လာပြီး အူဘာမီယန်းကတော့ ဂိုးသွင်းခြေပြန်ရတာနဲ့ ဂိုးအရလွယ်မယ့်သဘောမှာရှိတယ်။ ဒီပွဲအတွက်တော့ ဘင်နီတက်ဇ်ရဲ့ အတွေ့အကြုံ၊ အဲဗာတန်ရဲ့အတွေ့အကြုံကြောင့် အာဆင်နယ် နိုင်ဖို့ခက်မယ်။

ဂီတာဖေး - ဘီလ်ဘာအို(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် နံနက် ၂း၃၀ နာရီ)

ဘီလ်ဘာအို အခုတလော ကစားပုံလျော့နေတဲ့အပြင် တိုက်စစ်ကလည်း ဂိုးရရေးခက်ခဲနေတယ်။ လက်ရှိ ဘီလ်ဘာအို ရဲ့ခြေစွမ်းနဲ့တော့ ဂီတာဖေးကွင်းမှာ မျှော်လင့်မထားသင့်သေးဘူး ထင်တယ်။ ခြေစွမ်းသာတဲ့အပြင် အိမ်ကွင်းအားသာချက်ပါ ရှိ နေတဲ့ ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ကောင်းလိမ့်မယ်။

Most Read

Most Recent