ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု နိုဝင်ဘာ ၂၁ ရက်က တစ်ရက်တွင်း လူနာသစ် ၃၉၀၀၀၀ ကျော်နှင့် သေဆုံးသူ ၄၃၀၀ ကျော်ရှိ

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု နိုဝင်ဘာ ၂၁ ရက်က တစ်ရက်တွင်း လူနာသစ် ၃၉၀၀၀၀ ကျော်နှင့် သေဆုံးသူ ၄၃၀၀ ကျော်ရှိ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသည့် သံဃာတော်များနှင့် ပရဟိတသမားများက အစားအစာများ လှူဒါန်းနေပုံကို တွေ့ရစဉ် (Photo: Reuters)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသည့် သံဃာတော်များနှင့် ပရဟိတသမားများက အစားအစာများ လှူဒါန်းနေပုံကို တွေ့ရစဉ် (Photo: Reuters)
Published 22 November 2021

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု မြင့်တက်နေဆဲပြီး နိုဝင်ဘာ ၂၁ ရက်က တစ်ရက်အတွင်း လူနာသစ် ၃၉၀၀၀၀ ကျော်နှင့် သေဆုံးသူ ၄၃၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားအနေဖြင့် နိုဝင်ဘာ ၂၁ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာသစ် ၃၉၆၅၅၉ ဦးနှင့် သေဆုံးသူ ၄၃၉၆ ဦးရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း၂၅၇၈၁၉၄၁၁ ဦးရှိပြီး သေဆုံးသူ ၅၁၆၇၈၇၀ ဦးရှိပြီး ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၂၃၂၇၀၈၂၅၅ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ဥရောပတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူဦးရေ မြင့်တက်နေချိန်တွင် ဥရောပသမဂ္ဂ၏ ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ (EMA) က Pfizer ၏ COVID-19 ဗိုင်းရပ်စ်သတ်ဆေးကို စိစစ်သုံးသပ်မှုများ စတင်မလုပ်ဆောင်မီ Merck ၏ COVID-19 ဗိုင်းရပ်စ်သတ်ဆေးကို တရားဝင်အတည်ပြုချက် ထုတ်မပေးမီ အရေးပေါ်အသုံးပြုရန် အတည်ပြုပေးလိုက်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန် ဆေးကုမ္ပဏီများ ဖြစ်ကြသည့် Pfizer နှင့် Merck တို့၏ ဗိုင်းရပ်စ်သတ်ဆေးများသည် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ မြင့်မားသည့်လူနာများတွင် ဆေးရုံတက်ရောက် ကုသနိုင်ခြေနှင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနလေ့လာသုံးသပ်ချက်များတွင် တွေ့ရှိခဲ့သောကြောင့် ယင်းတို့၏ ဗိုင်းရပ်စ်သတ်ဆေးများသည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်မှုတွင် အလားအလာရှိသည့် အောင်မြင်မှုခြေလှမ်းတစ်ရပ်အဖြစ် ကိုယ်စားပြုနေသည်။

“Merck ရဲ့ ဗိုင်းရပ်စ်သတ်ဆေးကို တရားဝင်မတည် မပြုထားရသေးပေမယ့်လည်း အကြံပြုထောက်ခံချက် ထုတ်ပေးလိုက်တဲ့အတွက် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံအနေနဲ့လည်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေတဲ့အချိန်မှာ ဒီဗိုင်းရပ်စ်သတ်ဆေးကို သုံးသင့်၊မသုံးသင့် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်” ဟု EMA က ထုတ်ပြန်ခဲ့သည်။

“လက်ရှိ အီးယူမှာ ခွင့်မပြုချက်ရရှိသေးတဲ့ ဒီဗိုင်းရပ်စ်သတ်ဆေးကို အောက်စီဂျင် အထောက်အပံ့မလိုအပ်တဲ့ COVID-19 ကူးစက်ခံရသူ အရွယ်ရောက်ပြီးသူတွေနဲ့ ပြင်းထန်ရောဂါအခြေအနေ ဖြစ်နိုင်ခြေရှိသူတွေကို ကုသပေးရာမှာ အသုံးပြုနိုင်ပါတယ်” ဟု EMA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Merck ၏ ဗိုင်းရပ်စ်သတ်ဆေးကို ကိုယ်ဝန်ဆောင်အမျိုးသမီးများ သို့မဟုတ် ကိုယ်ဝန်တားဆေး မသုံးသောကြောင့် ကိုယ်ဝန်ရနိုင်ခြေရှိသည့် အမျိုးသမီးများ မသုံးစွဲသင့်ကြောင်း EMA က ထုတ်ပြန်ခဲ့သည်။

“တိရစ္ဆာန်တွေကို ဓာတ်ခွဲစစ်ဆေးချက်တွေအရ Merck ရဲ့ ဗိုင်းရပ်စ်သတ်ဆေး ပမာဏမြင့်မားခြင်းဟာ သန္ဓေသားလောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်စေနိုင်တယ်လို့ တွေ့ရှိခဲ့တဲ့အတွက် အခုလိုအကြံပြုရတာ အမ်စတာဒမ် အခြေစိုက် EMA အဖွဲ့က molnupiravir ဟုခေါ်ဆိုသည့် Merck ၏ ဗိုင်းရပ်စ်သတ်ဆေးကို ယခုနှစ်ကုန်ပိုင်းမတိုင်မီ တရားဝင်အတည်ပြုသွားရန် ဆုံးဖြတ်ထားသည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent