အီဘရာဟီမိုဗစ်က ဒီအရွယ်အထိ အမြင့်ဆုံးအဆင့်မှာ ရှင်သန်နိုင်ခဲ့ခြင်းမှာ အလွန်ပြင်းထန်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့်လည်းဖြစ်တယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာ သူက ဒီယုံကြည်မှုကို မကြာခဏ ပြသလေ့ရှိတယ်။ လေလုံးထွားတယ်။ စိတ်ကြီးဝင်တယ်။ ဒါကြောင့်ပဲ သူက ဘောလုံးလောကရဲ့ချက်နောရစ်ဖြစ်လာခဲ့ခြင်းလည်း ဖြစ်တယ်။ မန်ယူအသင်းမှာ ကစားခဲ့တုန်းက နာမည်ကျော်စကားတစ်ခုကို ပြောခဲ့သေးတယ်။ "ခြင်္သေ့တွေက လူတွေလို အနားယူချိန် အများကြီးမလိုဘူး"တဲ့။ တကယ်တော့ ဒီလိုစကားတွေ၊ ဒီထက် ပိုတာတွေ သူအများကြီးပြောခဲ့တယ်။ သူက ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိကြောင်းပြသဖို့ကို ဘယ်တော့မှ မကြောက်သူလည်းဖြစ်တယ်။
အတ္တ၊ ယုံကြည်မှုတွေနဲ့ ဘောလုံးခရီးသည်တစ်ဦး
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။