စတာလင်အတွက် ကမ်းလှမ်းမှုများကို မန်စီးတီးအသင်း ငြင်းပယ်ရန် စီစဉ်ထား     

စတာလင်အတွက် ကမ်းလှမ်းမှုများကို မန်စီးတီးအသင်း ငြင်းပယ်ရန် စီစဉ်ထား     
Photo: Getty Images
Photo: Getty Images
Published 8 October 2021

မန်စီးတီးအသင်းသည် အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား စတာလင်အတွက် ကမ်းလှမ်းမှုများကို ငြင်းပယ်ရန် စီစဉ်ထားကြောင်း သိရသည်။ 

    

စတာလင်(၂၆ နှစ်)သည် မန်စီးတီးအသင်းနှင့် ၂၀၂၃ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိနေသော်လည်း ၎င်းအား အရောင်းစာရင်းသွင်းခဲ့ခြင်းကြောင့် အသင်းနှင့် လမ်းခွဲရန် ဆန္ဒရှိလာကြောင်း သိရသည်။ 

မန်စီးတီးအသင်းက ၎င်းကို အလွယ်တကူ မဆုံးရှုံးရစေရန်အတွက် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသော်လည်း လက်ခံဖွယ်မရှိတော့ဘဲ အသင်းပြောင်းရွှေ့ရန်သာ စီစဉ်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

ယင်းအခြေအနေတွင် ဘာစီလိုနာအသင်းက ၎င်းအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားစာချုပ်ဖြင့် ခေါ်ယူရန် ကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသလို၊ ဂျူဗင်တပ်စ်နှင့် ဘိုင်ယန်မြူးနစ်တို့ကလည်း စောင့်ကြည့်နေကြောင်း သတင်းထွက်နေသည်။ 

သို့သော် မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် တိုက်စစ်မှူးအသစ် ခေါ်ယူနိုင်ခြင်းမရှိဘဲ စတာလင်ကို ရောင်းထုတ်ရန် ဆန္ဒမရှိသောကြောင့် မည်သည့်ကမ်းလှမ်းမှုကိုမျှ လက်ခံမည်မဟုတ်ဘဲ ငြင်းပယ်သွားလိမ့်မည်ဟု သိရသည်။

Most Read

Most Recent