- ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး ဘန်ဇီမာက အသင်းမှ ထွက်ခွာသွားပြီဖြစ်သည့် နည်းပြဇီဒန်းနှင့် ပတ်သက်ပြီး "သူက ကျွန်တော့်ဘက်က အမြဲရပ်တည်သူ၊ ထောက်ခံသူ၊ ဒီအဆင့်အထိရောက်လာအောင် အကူအညီတွေပေးခဲ့သူဖြစ်ပါတယ်။ လူသားတစ်ဦးအနေနဲ့ဆိုရင် ဇီဒန်းဟာ လုံးဝပြီးပြည့်စုံတဲ့ သူတစ်ဦးပါ" ဟု ချီးကျူးပြောကြားခဲ့သည်။
- ချယ်လ်ဆီးအသင်းသည် ဒေါ့မွန်အသင်း၏ တိုက်စစ်မှူး ဟော်လန်းထက် ခေါ်ယူရန် ပိုမိုဖြစ်နိုင်ခြေများသည့် အသင်း၏ တိုက်စစ်မှူးဟောင်း လူကာကူကို ပိုမိုစိတ်ဝင်စားနေသော်လည်း လူကာကူ၏ ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၀၀) ဝန်းကျင်သာ အင်တာမီလန်အသင်းက သတ်မှတ်ပေးရန် လိုလားနေကြောင်း သိရှိရသည်။
- စပါးအသင်းသည် အင်တာမီလန်အသင်း၏ နည်းပြဖြစ်သူ ကွန်တီအပြင် ဂျူဗင်တပ်စ်အသင်း၏ အားကစားဒါရိုက်တာဟောင်း ပက်ထရီချီကိုပါ အသင်း၏ အားကစားဒါရိုက်တာရာထူးအတွက် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
- အာဆင်နယ်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းထံမှ အငှားဖြင့် ခေါ်ယူထားသည့် နော်ဝေကွင်းလယ်ကြယ်ပွင့် အော်ဒီဂွါ (၂၂ နှစ်) အား အပြီးသတ်ခေါ်ယူလိုပါက ယူရိုသန်း (၆၀)အထိ သုံးရဖွယ်ရှိနေကြောင်းသိရသည်။
- ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာရန် နီးစပ်ခဲ့သည့် အာဂျင်တီးနားကြယ်ပွင့် ဒီဘားလားသည် ပီယာလိုအစား ယခင်က လက်တွဲခဲ့ဖူးသည့် အယ်လီဂရီအစားဝင်လာခဲ့ပြီးနောက် အသင်းနှင့် စာချုပ်သက်တမ်းတိုးကာ ဆက်လက်ကစားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
- ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ရာသီက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့သည့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားအား လာမည့်ရာသီတွင် ဆက်လက်ကစားရန်အတွက် နောက်ထပ် (၁)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။















