မော်ရင်ဟိုကို စပါးအသင်းလျော်ကြေးငွေ သန်း(၃၀)ပေးရမည်မဟုတ်ဘဲ အများဆုံးပေါင်သန်း(၂၀)အောက်သာ ပေးရဖွယ်ရှိ

မော်ရင်ဟိုကို စပါးအသင်းလျော်ကြေးငွေ သန်း(၃၀)ပေးရမည်မဟုတ်ဘဲ အများဆုံးပေါင်သန်း(၂၀)အောက်သာ ပေးရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 21 April 2021

စပါးအသင်းသည် နည်းပြ မော်ရင်ဟိုကို ရာထူးမှထုတ်ပယ်ခြင်းအတွက်  မူလသတင်းများ ဖော်ပြသကဲ့သို့ လျော်ကြေးငွေသန်း(၃၀)ပေးချေရမည်မဟုတ်ဘဲ လက်တွေ့ပေးချေရမည့်လျော်ကြေးငွေမှာများစွာ နည်းပါးမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

    

မော်ရင်ဟိုသည် စပါးအသင်းတွင် တစ်နှစ်လစာငွေပေါင် (၁၅)သန်းခန့် ရရှိနေပြီး သူ့အားစပါးအသင်းက ထုတ်ပယ်ခဲ့ပါက လက်ကျန်စာချုပ် သက်တမ်း (၂)နှစ်စာအတွက် ပေါင်သန်း (၃၀)ခန့် လျော်ကြေးပေးရမည် ဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့ကြသည်။ 

သို့သော် Daily Mail သတင်းစာ၏ ဖော်ပြချက်အရ စပါးအသင်းတွင် မော်ရင်ဟို တစ်နှစ်လစာ ပေါင်(၁၅)သန်းရရှိသည်ဆိုခြင်းမှာ ချဲ့ကားပြောဆိုမှုများသာဖြစ်ပြီး အမှန်တကယ်ရရှိငွေမှာ ပေါင် (၁၀)သန်းခန့် သာရှိကြောင်း သိရသည်။

    

ထို့ပြင် အသင်းနှင့် သူ၏စာချုပ် ပါအချက်များအရ ရည်မှန်းထားသည့် အောင်မြင်မှုမရရှိပါက အသင်းအနေဖြင့် သူ၏လျော်ကြေးငွေကို လျှော့ချ နိုင်သည့် အခွင့်အရေးရှိကြောင်း သိရှိရသည်။ 

သို့ဖြစ်ရာ မော်ရင်ဟိုအနေဖြင့် အများဆုံးလျော်ကြေးငွေအဖြစ် ပေါင် သန်း(၂၀)အောက်သာ ရရှိနိုင်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ သည်။

Most Read

Most Recent