ဖီအိုရင်တီးနားအသင်းသည် ဆားဘီးယားကြယ်ပွင့်တိုက်စစ်မှူး ဗလာဟိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
အသက်(၂၁)နှစ်အရွယ် ဆားဘီးယားလက်ရွေးစင်ကစားသမား ဗလာဟိုဗစ်သည် ယခုရာသီ စီးရီးအေ ပြိုင်ပွဲတွင် (၃၁) ပွဲ ကစား (၁၆)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသူဖြစ်သည်။
၎င်းအား စီးရီးအေပြိုင်ဘက် အေစီမီလန်၊ ရိုးမား၊ ဂျူဗင်တပ်စ်တို့အပါအဝင် လီ ဗာပူးလ်၊ မန်ယူစသည့် ထိပ်တန်း ကလပ်များစွာက စိတ်ဝင်စားနေသဖြင့် ဖီအိုရင်တီးနားအသင်းက စာချုပ်သစ် ချုပ်ဆိုရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ဗလာဟိုဗစ်၏ စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ဖီအိုရင်တီးနားအသင်းက စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိပြီး အသင်းပြောင်းရွှေ့လိုပါ က စာချုပ်လျော်ကြေး ပေးချေရမည့် အချက်ကိုလည်း ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ဖီအိုရင်တီးနား အသင်းနည်းပြ အီယာချီနီကလည်း ဗလာဟိုဗစ်ကို ဆက်ရှိစေလိုပြီး ဥက္ကဋ္ဌ နှင့် ဘုတ်အဖွဲ့က ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။















