ဘာပေ၏ ဟက်ထရစ်ဂိုးကြောင့် တွန်းအားဖြစ်ခဲ့ဟု ဟော်လန်း ဖွင့်ဟ

ဘာပေ၏ ဟက်ထရစ်ဂိုးကြောင့် တွန်းအားဖြစ်ခဲ့ဟု ဟော်လန်း ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 19 February 2021

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမနေ့တွင် ဘာစီလိုနာအသင်းအား ဟက်ထရစ် သွင်းယူခဲ့သည့် PSG အသင်းတိုက်စစ်မှူး ဘာပေကြောင့် တွန်းအားရရှိခဲ့ကြောင်း ဆီဗီလာနှင့်ပွဲအပြီးတွင် ဖွင့်ဟပြောကြားသည်။

    

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ဒုတိယနေ့ကို ဗုဒ္ဓဟူးနေ့တွင် ဆက်လက်ယှဉ်ပြိုင်ကစားရာ ပေါ်တိုက ဂျူဗင်တပ်စ်ကို အိမ်ကွင်း၌ (၂-၁) ဂိုး၊ ဒေါ့မွန်က ဆီဗီလာကို အဝေးကွင်း၌ (၂-၃) ဂိုးဖြင့် အနိုင်ရပြီး ဟော်လန်းက ဒေါ့မွန်အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့သည်။

အသက် (၂၀) သာ ရှိသေးသည့် နော်ဝေတိုက်စစ်မှူး ဟော်လန်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ (၁၃) ပွဲကစားအပြီးတွင် (၁၈) ဂိုးသွင်းယူထားနိုင်ပြီဖြစ်သည်။

၎င်းက "ဘာပေ ဟက်ထရစ် သွင်းတာကို ကျွန်တော် ကြည့်လိုက်ရပါတယ်။ ကျွန်တော့်အတွက် ပေါ့ပါးလွတ်လပ်တဲ့ တွန်း အားရရှိစေလို့ သူ့ကိုလည်း ကျေးဇူးတင်ပါ တယ်။ သူသွင်းခဲ့တဲ့ တချို့ဂိုးတွေက တကယ် ကောင်းပါတယ်။ သူ့ဆီကနေ ကျွန်တော့် အတွက် တွန်းအားရခဲ့တာက ကျေနပ်စရာ ပါပဲ"ဟု ပြောကြားသည်။

ထို့ပြင် ဟော်လန်းသည် ဒေါ့မွန် အသင်းအတွက် (၇)ပွဲသာ ကစားပြီး ချန်ပီယံလိဂ်(၁၀)ဂိုး ပြည့်မြောက်ခဲ့ရာ အသင်းတစ်သင်းအတွက် ကစားစဉ် ပွဲအနည်းဆုံးဖြင့် (၁၀)ဂိုး ပြည့်သူအဖြစ်လည်း စံချိန်တင်ခဲ့သည်။

Most Read

Most Recent