စီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 19 February 2021

ဖီအိုရင်တီးနား - စပီဇီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၉ ရက် ည ၁၂:၀၀ နာရီ)

အမေရိကန်ပိုင်ရှင်သစ်တွေလက်ထက် ပထမဆုံးပွဲမှာ စပီဇီယာက အေစီမီလန်ကို အနိုင်ယူပြထားတယ်။ အဲဒီနိုင်ပွဲကြောင့် ယုံကြည်စိတ်မြင့်မားနေနိုင်ပါတယ်။ ဖီအိုရင်တီးနားက နိုင်ပွဲတွေနဲ့ဝေးနေပြီး တန်းဆင်းဇုန်နားရောက်နေတယ်။ သရေကျသွားနိုင်ပြီး ဖီအိုရင်တီးနား အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

 

ကာဂလီယာရီ - တိုရီနို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၂:၁၅ နာရီ)

စုဖွဲ့မှုကောင်းပေမဲ့ ရလဒ်ကောင်းတွေနဲ့ဝေးနေပြီး တန်းဆင်းဇုန်ထဲ ရုန်းကန်နေရတဲ့နှစ်သင်းအမှတ်လုမယ့်ပွဲပါ။  နှစ်သင်းစလုံးခံစစ်မှာ အမှားအယွင်းတွေရှိနေတယ်။ တိုရီနိုက (၆) ပွဲဆက်သရေကျပြီး ကာဂလီယာရီထက် ရလဒ်ပိုကောင်းနေပေမဲ့ ဒီပွဲမှာလည်း တစ်မှတ်ထက် ပိုမရနိုင်ဘူး။

Most Read

Most Recent