(၃)နှစ် (သို့မဟုတ်) (၄)နှစ်ကျော်ခန့် ဘောလုံး ဆက်ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ပီကေး ဆို

(၃)နှစ် (သို့မဟုတ်) (၄)နှစ်ကျော်ခန့် ဘောလုံး ဆက်ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ပီကေး ဆို
Photo: Globe Soccer
Photo: Globe Soccer
Published 28 December 2020

ဘာစီလိုနာအသင်း၏ စပိန်လက်ရွေးစင်နောက်ခံလူဟောင်း ပီကေးက မိမိအနေဖြင့် နောက်ထပ် (၃)နှစ် (သို့မ ဟုတ်) (၄)နှစ်ကျော်ခန့် ဘောလုံးဆက်ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အ ရွယ်ရှိ ပီကေးသည် ဘာစီလိုနာအသင်းအတွက်၂၀၀၈-၀၉ ရာသီမှစတင်ကာ ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ (၅၅၃)ပွဲကစားပြီး (၄၈)ဂိုးသွင်းယူပေးထားသူဖြစ်သည်။

ပီကေးအနေဖြင့် ယခုနောက်ပိုင်းနှစ်များတွင် ကြံ့ခိုင်မှုနှင့် ဒဏ်ရာပြဿနာများနှင့်အတူ အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရပြီး လက်ရှိအချိန်တွင်လည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသူဖြစ်သည်။

သို့ရာတွင် ပီကေးက ''ကျွန်တော့်အနေနဲ့ကတော့ နောက်ထပ် (၃)နှစ် (သို့) (၄)နှစ်ကျော်လောက်ဘောလုံးဆက်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent