အသင်းဟောင်းစပါးသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် အရွယ်လွန်နေပြီဟု မိုဒရစ် ပြောကြား

အသင်းဟောင်းစပါးသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် အရွယ်လွန်နေပြီဟု မိုဒရစ် ပြောကြား
Photos : Getty Images
Photos : Getty Images
Published 28 October 2020

ရီးယဲလ်အသင်းမှ စပါးကွင်းလယ်ကစားသမားဟောင်း မိုဒရစ်က အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် မိမိအနေဖြင့် အရွယ်လွန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မိုဒရစ်သည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သောကြောင့် ဂါရတ်ဘေးလ်နည်းတူ စပါးအသင်းသို့ ပြန်လည်ပြောင်းရွှေ့နိုင်သလားဟု မေးမြန်းမှုကို မိုဒရစ်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် မိမိအနေဖြင့် နှစ်အနည်းငယ် ထပ်ကစားနိုင်ဦးမည်ဟု ယုံကြည်နေသောကြောင့် မည်သို့ဖြစ်လာမည်ဟု စောင့်ကြည့်ရမည့်အခြေအနေဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent