ဗြိတိန်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အန်သိုနီဂျိုရှူအာနှင့် စိန်ခေါ်သူ ဘူလ်ဂေးရီးယားလက်ဝှေ့သမား ပူလက်ဗ် လန်ဒန်မြို့၌ ဒီဇင်ဘာ ၁၂ ရက်တွင် ထိုးသတ်မည်

ဗြိတိန်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အန်သိုနီဂျိုရှူအာနှင့် စိန်ခေါ်သူ ဘူလ်ဂေးရီးယားလက်ဝှေ့သမား ပူလက်ဗ် လန်ဒန်မြို့၌ ဒီဇင်ဘာ ၁၂ ရက်တွင် ထိုးသတ်မည်
Photos : Getty Images
Photos : Getty Images
Published 18 October 2020

WBA (Super)၊ IBF၊ WBO၊ IBO ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာနှင့် စိန်ခေါ်သူ ဘူလ်ဂေးရီးယားလက်ဝှေ့သမား ပူလက်ဗ်တို့ ဒီဇင် ဘာ ၁၂ ရက်တွင် လန်ဒန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦး၏ စိန်ခေါ်ပွဲကို လန်ဒန်မြို့ ရှိ The O2 Arena တွင် ကျင်းပမည်ဖြစ်ပြီး COVID-19 ရောဂါ ကန့်သတ်တားမြစ်ချက်များကြောင့် ပရိသတ်များ ကြည့်ရှုခွင့်ရမရ မသိရသေးကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ယင်းပွဲကို ဇွန်လတွင်ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ပြန်လည်ထိုးသတ်ရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ကစားသမားနှစ်ဦးစလုံးက အတည်ပြုခဲ့သည်။ 

" ဒီဇင်ဘာ ၁၂ ရက် ထိုးဖြစ်မှာပါ။ တစ်ခုတည်းသော အာရုံစိုက်ထားရမယ့်အရာက ဒီဇင်ဘာ ၁၃ ရက်မှာ ဒီခါးပတ်တွေက သူတို့ရဲ့နေရာမှန် ဖြစ်တဲ့ ဗြိတိန်မှာပဲ ဆက်ရှိနေဖို့ပါ။ The O2 ကွင်းက ခြင်္သေ့ရဲ့ သားရဲတွင်းပါ။ ဒီကွင်းထဲမှာ ကျွန်တော့်ရဲ့သမိုင်းမှတ်တမ်းတွေ အများကြီးပါပဲ။ ဒါပေမဲ့ ပရိသတ်တွေမပါဘူးဆိုရင်တော့ ကြီးမားတဲ့အရာတစ်ခု ဆုံးရှုံးရမှာပါ။ လုံခြုံရေးဆိုင်ရာ ခွင့်ပြုချက်ရရှိပြီး လက်ဝှေ့ ပရိသတ်တချို့ ကြည့်ခွင့်ရမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော်က ပြိုင်ဘက်အားလုံးကို လေးစားမှုထားပါတယ်။ ပူလက်ဗ်ကိုလည်း လေးစားပါတယ်။ သူကောင်းကောင်းပြင်ဆင်ထားနိုင်ဖို့ ဆန္ဒပြုပါတယ်" ဟု ဂျိုရှူအာက ပြောကြားခဲ့သည်။

ဂျိုရှူအာသည် ပြီးခဲ့သည့် ဒီဇင်ဘာတွင် အန်ဒီရုဇ်ဂျူနီယာကို အမှတ်ဖြင့် အနိုင်ယူပြီးနောက် ချန်ပီယံခါးပတ်များ ပြန်လည်ရရှိထားခြင်းဖြစ်သည်။ ဂျိုရှူအာသည် ပူလက်ဗ်နှင့် ၂၀၁၇ ခုနှစ်ကထိုးသတ်ရန် စီစဉ်ဖူးပြီး ပူလက်ဗ်၏ဒဏ်ရာကြောင့် ပျက်ပြယ်ခဲ့ရသည်။

Most Read

Most Recent