ဘုတ်အဖွဲ့အပြောင်းအလဲဖြစ်ပါက ဘာစီလိုနာတွင် မက်ဆီ ဆက်နေဖွယ်ရှိသည်ဟု ဆွာရက်ဇ် ပြောကြား

ဘုတ်အဖွဲ့အပြောင်းအလဲဖြစ်ပါက ဘာစီလိုနာတွင် မက်ဆီ ဆက်နေဖွယ်ရှိသည်ဟု ဆွာရက်ဇ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 10 October 2020

အက်သလက်တီကိုတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဖော်ဟောင်း မက်ဆီအနေဖြင့် ဘာစီလိုနာဘုတ်အဖွဲ့အပြောင်းအလဲဖြစ်ပါက အသင်းတွင် ဆက်နေဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

မက်ဆီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာရန် ဘာစီလိုနာအသင်းထံ တောင်းဆိုခဲ့ပြီး ဘာစီလိုနာအသင်းက လျော်ကြေးယူရိုသန်း (၇၀၀) ရမှသာ လက်လွှတ်မည်ဟု အကြောင်းပြန်ခဲ့သဖြင့် စာချုပ်သက်တမ်းကုန်ချိန်အထိ ဆက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ စာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန် (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အသင်းဥက္ကဋ္ဌ ဘာတိုမူနှင့် ဘုတ်အဖွဲ့သာ ထွက်ခွာခဲ့ပါက မက်ဆီအနေဖြင့် ဘာစီလိုနာတွင် ဆက်နေဖွယ်ရှိသည်ဟု ဆွာရက်ဇ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆွာရက်ဇ်က "မက်ဆီအနေနဲ့ လာမယ့်ရာသီမှာ အခြားအသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားနိုင်ပါတယ်။ ဒါပေမဲ့ ဘုတ်အဖွဲ့အသစ် ရောက်လာမယ်။ မက်ဆီလည်း အသင်းမှာ ပျော်ရွှင်ပြီး သက်သောင့်သက်သာဖြစ်မယ်ဆိုရင် သူ့အနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ မက်ဆီ ဘယ်လိုပဲဆုံးဖြတ်သည်ဖြစ်စေ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့အတွက် ဝမ်းသာနေမှာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဆွာရက်ဇ်က ဘာစီလိုနာအသင်းအနေဖြင့် မိမိအား အက်သလက်တီကိုအသင်းသို့ ရောင်းချခဲ့ခြင်းမှာ ၎င်းနှင့် မက်ဆီတို့၏ ဆက်ဆံရေးကောင်းမွန်မှုကို အဆုံးသတ်လိုခြင်းကြောင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent