လူတန်နှင့်ပွဲ၌ မန်ယူအတွက် ဟန်ဒါဆန် ပွဲထွက်ခွင့်ရမည်

လူတန်နှင့်ပွဲ၌ မန်ယူအတွက် ဟန်ဒါဆန် ပွဲထွက်ခွင့်ရမည်
Photos: Getty Images
Photos: Getty Images
Published 22 September 2020

ရှက်ဖီးယူနိုက်တက်အသင်းသို့ အငှားချထားရာမှ မန်ယူအသင်းထံ ပြန် လည်ရောက်ရှိလာခဲ့သည့် လူငယ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်(၂၃ နှစ်)သည် ယခုတစ်ပတ်ကြားရက်တွင် ယှဉ်ပြိုင်ကစားမည့် လူတန်နှင့် လိဂ်ဖလားပွဲ၌ မန်ယူအသင်းအတွက် ပွဲထွက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူနည်းပြ ဆိုးလ်ရှားသည် ယင်းပွဲတွင် ပထမကစားသမားအားလုံးကို အနားပေးပြီး အရန် ကစားသမားများအား အသုံးပြုသွားရန် ရည်ရွယ်ထားသောကြောင့် ဟန်ဒါဆန်  အခွင့်အရေးရလာခြင်းဖြစ်ကြောင်း သိရသည်။ 

ဟန်ဒါဆန်သည် ၂၀၁၅ ခုနှစ်က တည်းက မန်ယူနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း မန်ယူအ သင်းအတွက် တစ်ပွဲမျှ မကစားဖူးသေးကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ မေလကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းတွင် စတင်ရွေးချယ်ခံခဲ့ရသည်အထိ လက်စွမ်းပြနိုင်ခဲ့သော ဟန်ဒါဆန်၏အရည်အသွေးများကြောင့် မန်ယူအသင်း၏ အဓိကဂိုးသမား ဒီဟေးယား၏ ပထမဂိုးသမားနေရာကို ခြိမ်းခြောက်

နိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ထင်ကြေးပေးသုံးသပ်မှုများရှိနေသည်။

ဟန်ဒါဆန်သည် ရှက်ဖီးယူနိုက်တက်အသင်းတွင် အငှားသွားရောက်ကစားခဲ့သည့် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၆)ပွဲအထိကစားပေးခဲ့သူဖြစ်သလို လိဂ်ချန်ပီယံရှစ်အကောင်းဆုံးဂိုးသမားဆုနှင့် ရှက်ဖီးယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု

တို့ကို ရရှိခဲ့သည်အထိ လက်စွမ်းပြနိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent