ဘောလုံးအရာရှိချုပ် ဆန်ယယ်ဟီနှင့်လမ်းခွဲရန် အာဆင်နယ်အသင်း ဆုံးဖြတ်

ဘောလုံးအရာရှိချုပ် ဆန်ယယ်ဟီနှင့်လမ်းခွဲရန် အာဆင်နယ်အသင်း ဆုံးဖြတ်
Photos : Getty Images
Photos : Getty Images
Published 16 August 2020

အာဆင်နယ်အသင်းသည် ဘဏ္ဍာရေး အကျပ်အတည်းဖြေရှင်းရန် ဝန်ထမ်း ၅၅ ဦး လျှော့ချမည်ဖြစ်ကြောင်း ကြေညာပြီးနောက်  နှစ်ပတ်ဝန်းကျင်အကြာမှာပင် ဘောလုံးအရာရှိချုပ် ဆန်ယယ်ဟီနှင့်လမ်းခွဲရန် မနေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ဘောလုံးအရာရှိချုပ် ဆန်ယယ်ဟီနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းနေရာတွင် စီမံခန့်ခွဲမှုဒါရိုက်တာ ဗန်ကက်တေရှမ်က အစားထိုးတာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဘဏ္ဍာရေး အကျပ်အတည်းဖြေရှင်းရန် ဝန်ထမ်း ၅၅ ဦး လျှော့ချမည်ဖြစ်ကြောင်း ကြေညာပြီးနောက်  နှစ်ပတ်ဝန်းကျင်အကြာမှာပင် ဘောလုံးအရာရှိချုပ် ဆန်ယယ်ဟီနှင့်လမ်းခွဲရန် မနေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နွေရာသီတွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းဖြင့်ခေါ်ယူခဲ့သည့် ပေပေ၏ အပြောင်းအရွှေ့အတွက် အသင်းတွင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး နောက်တစ်ရက်တွင် ဆန်ယယ်ဟီနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ဘာစီလိုနာအသင်းမှ ရောက်ရှိလာသူဖြစ်သည်။

Most Read

Most Recent