အနာဂတ်နှင့်ပတ်သက်သည့် သတင်းများစွာထွက်ပေါ်နေသော်လည်း စာချုပ်ကုန်ဆုံးသည်အထိ အာဆင်နယ်၌ အိုဇေးလ် ဆက်နေဖွယ်ရှိ

အနာဂတ်နှင့်ပတ်သက်သည့် သတင်းများစွာထွက်ပေါ်နေသော်လည်း စာချုပ်ကုန်ဆုံးသည်အထိ အာဆင်နယ်၌ အိုဇေးလ် ဆက်နေဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 14 August 2020

အာဆင်နယ်အသင်း၏ ဂျာမန်နာမည်ကြီးကွင်းလယ်လူ အိုဇေးလ်သည် သူ၏ အနာဂတ်နှင့် ပတ်သက်သည့် မေးခွန်းများစွာထွက်ပေါ်နေသော်လည်း သူ၏တစ်ပတ်ပေါင် (၃)သိန်းခွဲတန် စာချုပ်သက်တမ်းကုန်သည်အထိ ဆက်နေဖွယ်ရှိသည်ဟု သိရှိရသည်။

အိုဇေးလ်သည် အာဆင်နယ်အသင်းနည်းပြသစ် အာတီတာလက်ထက်တွင်လည်း အရန်ခုံတွင်သာ ရှိနေပြီး၊ နောက်ပိုင်းပွဲစဉ်များတွင်အရန် စာရင်း၌ပင် ပါဝင်လာခြင်းမရှိခဲ့ချေ။

အာတီတာကမူ "ဒါက လုံးဝကိုဘောလုံးကိစ္စဖြစ်ပါတယ်။ ကျွန်တော့်အသင်းကို ဟန်ချက်ပိုညီစေချင်တဲ့အတွက် သင့်တော်တဲ့ဆုံးဖြတ်ချက်ကို ချတာပါ။ ကျွန်တော်အမြဲတမ်း ဒီလိုပဲ စဉ်းစားပါတယ်" ဟု ဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် အာတီတာ၏ စီမံကိန်းတွင် မပါဝင်သည့် အိုဇေးလ်အတွက် လစာငွေအလွန်မြင့်မားစွာပေးချေနေရခြင်းကို လျှော့ချလိုနေပြီး အသင်းပြောင်းစေလိုသော်လည်း အိုဇေးလ်ကမူ အာဆင်နယ်တွင်သာ ဆက်ကစားလိုပြီး ပုံမှန်နေရာရအောင် ကြိုးစားသွားမည်ဟု ဆိုခဲ့သည်။

အိုဇေးလ်က "ကျွန်တော့်အနေအထားက ရှင်းပါတယ်။ သဘောတူထားတဲ့စာချုပ်ရဲ့နောက်ဆုံးနေ့အထိ ဆက်နေသွားမှာပါ။ ဒီအသင်းမှာ ရှိနေတဲ့အချိန်အတွင်း အရာအားလုံးကို ပေးဆပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ဒီ့ထက်ပိုများတဲ့လစာငွေနဲ့ အသင်းကထွက်ဖို့ ကြုံခဲ့တုန်းက အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကိုလက်ခံပြီး ဒီအသင်းမှာ ဆက်နေခဲ့တာလည်း ဒီအတွက်ပါပဲ။ ဒီအသင်းက ထွက်ဖို့အတွက် ဘယ်သူမှ တိုက်တွန်းလို့မရပါဘူး။ ကျွန်တော်ထွက်ချင်မှထွက်မှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent