သြစတြေးလျရေခဲပြင်စကိတ်စီးမယ် ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့ပြီး မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းဖြစ်ဖွယ်ရှိသည်ဟု သတင်းများဖော်ပြ

သြစတြေးလျရေခဲပြင်စကိတ်စီးမယ် ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့ပြီး မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းဖြစ်ဖွယ်ရှိသည်ဟု သတင်းများဖော်ပြ
Published 20 July 2020

၂၀၁၈ ဖြောင်းချန်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် သြစတြေးလျရေခဲပြင်စကိတ်စီးမယ် အလက်ဇန်ဒရော့စကာယာသည် နေအိမ်ပြတင်းပေါက်မှ ပြတ်ကျပြီး သေဆုံးခဲ့ကြောင်း သူ၏နည်းပြဖြစ်သူက ပြီးခဲ့သည့်စနေနေ့က ပြောကြားခဲ့သည်။

အသက်(၂၀)နှစ်အရွယ်သာရှိသေးသူ အလက်ဇန်ဒရော့စကာယာ၏သေဆုံးရသည့်အကြောင်းအရင်းကို ရုရှားအာဏာပိုင်များက မှတ်ချက်ပေးခြင်းမရှိသော်လည်း သူ၏ နည်းပြဖြစ်သူ ခယ်ခါလိုက မော်စကိုမြို့လယ်တွင်ရှိသော အဆောက်အဦ၏(၆)လွှာမှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရုရှားမီဒီယာများကမူ အလက်ဇန်ဒရော့စကာယာက ရုရှားဘာသာစကားဖြင့် Lyublyu(I Love) ဟု ရေးသားထားသည့်စာကို ချန်ထားရစ်ခဲ့ပြီး မိမိကိုယ်ကိုယ်သေကြောင်း ကြံစည်ခြင်းဖြစ်နိုင်သည်ဟု ရေးသားခဲ့ကြသည်။

အလက်ဇန်ဒရော့စကာယာမှာ ယခုနှစ်အစပိုင်းတွင် ဝက်ရူးပြန်ရောဂါကြောင့် ကစားသမားဘဝမှ အနားယူထားခဲ့ကြောင်း သိရသည်။

သူသည် ရုရှားနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်သော်လည်း သြစတြေးလျစကိတ်အဖွဲ့ချုပ်မှကမ်းလှမ်းမှုကြောင့် နိုင်ငံပြောင်းလဲကာ သြစတြေးလျကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အမြင့်ဆုံးအောင်မြင် မှုမှာ ၂၀၁၇ အငယ်တန်းကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ နှစ်ယောက်တွဲပွဲစဉ်တွင် ရွှေတံဆိပ်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent