ကစားသမားများကို အကာအကွယ်ပေးသည့်အနေဖြင့် ဘောလုံးပွဲများပြန်လည်စတင်ပါက လူစားလဲခွင့်ငါးဦးခွင့်ပြုမည်ဖြစ်ပြီး VAR စနစ်အသုံးပြုမှုကိုလည်း ရပ်ဆိုင်းခွင့်ရ

ကစားသမားများကို အကာအကွယ်ပေးသည့်အနေဖြင့် ဘောလုံးပွဲများပြန်လည်စတင်ပါက လူစားလဲခွင့်ငါးဦးခွင့်ပြုမည်ဖြစ်ပြီး VAR စနစ်အသုံးပြုမှုကိုလည်း ရပ်ဆိုင်းခွင့်ရ
Photos: Getty Images
Photos: Getty Images
Published 10 May 2020

ငါးဦးလူစားလဲခွင့်ပြုရာတွင် ပွဲအပေါ် အနှောင့်အယှက်မဖြစ်စေရန် ပွဲ ကစားနေစဉ်အတွင်း အသင်းတစ်သင်းလျှင် အများဆုံးသုံးကြိမ်သာ ပြုလုပ်ခွင့်ရှိ (သုံးကြိမ် တွင် ငါးဦးလဲလှယ်ခွင့်ရှိ) ပြီး ပထမပိုင်းပြီးချိန် (သို့မဟုတ်) အချိန်ပိုမစခင်အချိန်တွင်လည်း လဲလှယ်ခွင့်ရှိကြောင်း သိရသည်။ 

ကစားသမားများ၏ ကျန်းမာရေးအခြေ အနေကို အကာအကွယ်ပေးသည့်အနေဖြင့် ဘောလုံးပွဲများ ပြန်လည်စတင်ပါက အသင်းတစ်သင်းလျှင် လူစားလဲခွင့် ငါးဦးခွင့်ပြုမည် ဖြစ်ပြီး VAR (ရုပ်သံအကူဒိုင်) စနစ် အသုံးပြုမှုကိုလည်း ရပ်ဆိုင်းခွင့်ရှိကြောင်း နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ (IFAB) က အတည်ပြုထုတ်ပြန်ခဲ့သည်။

ဘောလုံးပွဲများ ပြန်လည်စတင်ပါက လူစားလဲခွင့် ငါးဦးခွင့်ပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ တင်ပြမှုကို IFAB က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ကျင်းပမည့် ပြိုင်ပွဲများတွင် ကာလတိုအဖြစ် ခွင့်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် ငါးဦးလူစားလဲခွင့်ပြုရာတွင် ပွဲအပေါ် အနှောင့်အယှက်မဖြစ်စေရန် ပွဲ ကစားနေစဉ်အတွင်း အသင်းတစ်သင်းလျှင် အများဆုံးသုံးကြိမ်သာ ပြုလုပ်ခွင့်ရှိ (သုံးကြိမ် တွင် ငါးဦးလဲလှယ်ခွင့်ရှိ) ပြီး ပထမပိုင်းပြီးချိန် (သို့မဟုတ်) အချိန်ပိုမစခင်အချိန်တွင်လည်း လဲလှယ်ခွင့်ရှိကြောင်း သိရသည်။

 

အချိန်ပို တွင် အပိုလူစားလဲလှယ်ရန် ခွင့်ပြုထားသည့် ပြိုင်ပွဲများတွင် တစ်သင်းလျှင် လူစားလဲခွင့် တစ်ကြိမ်စီထပ်မံရရှိမည်ဖြစ်ပြီး အချိန်ပိုမစခင်နှင့် အချိန်ပိုပထမပိုင်းအပြီးတွင် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ပြင် VAR  စနစ်မှာလည်း အခန်းငယ်တစ်ခုအတွင်း ဒိုင်လူကြီးများ နီးကပ်စွာ အတူလုပ်ကိုင်ရသဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန် VAR  စနစ်အသုံးပြုမှုကိုလည်း ရပ်ဆိုင်းထားနိုင်ကြောင်း IFAB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ကြောင့် စည်းမျဉ်းများ ပြောင်းလဲမှုကို ယာယီခွင့်ပြုခြင်းသာဖြစ်သော်လည်း ၂၀၂၀-၂၀၂၁ ရာသီတွင် ဆက်လက် ခွင့်ပြုခြင်းရှိမရှိကို FIFA နှင့် IFAB တို့ ထပ်မံ ဆွေးနွေး၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ ယခုရာသီတွင် ရပ်နားထားသည့် ဥရောပလိဂ်များအနက် ဘွန်ဒစ်လီဂါပြိုင်ပွဲက အစောဆုံးအဖြစ် မေ ၁၆ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent