စပါးအသင်းသည် ဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်းဘဏ္ဍာရေးအကျပ်အတည်းအတွက် ရိမ်မှုများ မြင့်တက်လာချိန်တွင် နည်းပြဟောင်း ပိုချက်တီနိုအား လစာငွေဆက်လက်ပေးချေရမှုအပေါ် လျှော့ချပေးရန် ချဉ်းကပ်လျက်ရှိကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံသားနည်းပြ ပိုချက်တီနိုသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စပါးနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါကာလက စပါးအသင်းဥက္ကဋ္ဌ လီဗီနှင့် ပိုချက်တီနိုတို့အကြား သဘောတူညီမှုမှာ ပိုချက်တီနို အသင်းသစ်မရှာတွေ့မီအချိန်အထိ စာချုပ်သက်တမ်းအတိုင်း လစာငွေပေးချေရန်ဖြစ်သည်။

ပိုချက်တီနိုသည် လက်ရှိတွင် စာချုပ်အရ တစ်နှစ်ဝင်ငွေမှာ ပေါင်(၈.၅)သန်းအထိ ရရှိနေလျက်ရှိသည်။
မန်ယူ၊ မန်စီးတီး၊ ရီးယဲလ်အသင်းများနှင့် သတင်းများထွက်ခဲ့သူ ပိုချက်တီနိုအနေဖြင့် စပါးအသင်းမှ ထွက်ခွာချိန်တွင် အသင်းနှင့်အဆင်မပြေမှုများကြောင့် လစာငွေလျှော့ချယူမည့်ကိစ္စမှာ ဖြစ်နိုင်ခြေနည်းပါးနေသည်။
စပါးအသင်းသည် ပိုချက်တီနို၏နည်းပြအဖွဲ့ဝင်များဖြစ်သည့် ပီရက်ဇ်၊ ဒီအဂေါ့စတီနို၊ ဟီမင်နက်ဇ်တို့ကိုလည်း လစာငွေလျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။















