မန်စီးတီးအသင်းသည် ဥရောပထိပ်တန်းအဆင့်တွင် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကစားသမားသုံးနေရာကို အစားထိုး ဖြည့်တင်းမှုပြုလုပ်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ဥရောပထိပ်တန်းအဆင့်တွင် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကစားသမားသုံးနေရာကို အစားထိုး ဖြည့်တင်းမှုပြုလုပ်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
သို့သော် ယင်းသတင်းတွင် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့ကာလ၊ သို့မဟုတ် ယခုရာသီကုန်ကိုမူ တိတိကျကျ ရေးသားထားခြင်းမရှိကြောင်း သိရသည်။
မန်စီးတီးအသင်းသည် နွေရာသီကာလက အသင်းမှထွက်ခွာသွားသည့် နောက်ခံလူ ကွန်ပနီ၊ လာမည့်နွေရာသီတွင် အသင်းနှင့် လမ်းခွဲတော့မည့် ဒေးဗစ်ဆေးလ်ဗား၊ အသင်းကိုစွန့်ခွာနိုင်ခြေများနေသည့် တိုက်စစ်မှူး အဂွဲရိုးတို့၏နေရာများအတွက် ပြန်လည်အစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။
မန်စီးတီး အနေဖြင့် ယင်းနေရာများအတွက် ဘတ်ဂျက် အနည်းဆုံး ပေါင်သန်း (၁ဝဝ) အသုံးပြုရဖွယ်ရှိနေသည်။
ဂွါဒီယိုလာ၏အနာဂတ်အတွက် ကောလဟလများ ထွက်ပေါ်နေသော်လည်း လက်ရှိစာချုပ်ကာလ (၁၈) လကို အသင်းတွင် ဆက်ရှိနေမည်ဟု ကာယကံရှင်ဖြစ်သူက ဝန်ခံခဲ့သည်ဟု ယင်းသတင်းတွင် ဖော်ပြခဲ့သည်။
ဂွါဒီယိုလာသည် လီဗာပူးလ်အသင်းအား အရေးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင်လူကြီးအား "ကျေးဇူးတင်ပါသည်"ဟု ပြောကြားခဲ့မှုကြောင့် စွဲချက်တင်အရေးယူခံရမည်မဟုတ်ကြောင်း သိရသည်။