ကွင်းဘေးရှိ ရုပ်သံမော်နီတာများကို ဒိုင်လူကြီးများကြည့်ရှုရန်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများ ပြန်လည်တောင်းဆိုမည်

ကွင်းဘေးရှိ ရုပ်သံမော်နီတာများကို ဒိုင်လူကြီးများကြည့်ရှုရန်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများ ပြန်လည်တောင်းဆိုမည်
Published 11 November 2019

 

ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အ ငြင်းပွားဖွယ်ဖြစ်ရပ်များကို ကွင်းလယ်ဒိုင်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုဆုံးဖြတ်ရန်အတွက် ကွင်းဘေးစည်းရှိ ရုပ်သံမော်နီတာများအား သွားရောက်ကြည့်ရှုရန် ပရီးမီးယားလိဂ်ကလပ်အသင်းများက တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

      

ပြီးခဲ့သည့်နွေရာသီကာလအတွင်း VARနှင့်ပတ်သက်သည့်တွေ့ဆုံဆွေးနွေးမှုများ၌ ဒိုင်လူကြီးများ မော်နီတာကြည့်ရှုစစ်ဆေးခြင်းကို ပရီးမီးယားလိဂ်ကလပ်အသင်းများကပင် ကန့်ကွက်မဲပေးခဲ့ကြခြင်းဖြစ်သည်။ 

ကွင်းဘေးစည်းရှိ ရုပ်သံမော်နီတာများကို ဒိုင်များက သွားရောက်ကြည့်ရှုနေခြင်းဖြင့် ပွဲအတွင်း နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်နိုင်သည်ဟုဆိုကာ ပရီးမီးယားလိဂ်ကလပ်အသင်းတာဝန်ရှိသူများက ကန့် ကွက်ခဲ့ကြခြင်းဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိတွင် ပရီးမီးယားလိဂ်ဒိုင်လူကြီးများသည် အငြင်းပွားဖွယ်ဖြစ်ရပ်များ ဖြစ်ပေါ်ရာ၌ VAR အဖွဲ့၏အ ကြံပြုချက်များအပေါ်သာ မူတည်၍ဆုံးဖြတ်နေရသည်။ 

သို့သော် ပရီးမီးယား လိဂ်ရက်သတ္တပတ်တိုင်းလိုလို VAR နှင့် ပတ်သက်၍အငြင်းပွားမှုများ ဖြစ်ပေါ် နေရာ(အခြားသော ပြိုင်ပွဲများမှာကဲ့သို့) ကွင်းလယ်ဒိုင်များက VAR မော်နီတာကို ကိုယ်တိုင်ကြည့်ရှုစေရန် ကလပ်အသင်းများက ပြန်လည်အလိုရှိနေခြင်း ဖြစ်သည်။ 

ယခုတောင်းဆိုမှုကို လာမည့် ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ရှေ့လာမည့် ခရစ္စမတ်ကာလပွဲစဉ်များမှ စတင်၍ ယင်းပုံစံ(မော်နီတာကို ဒိုင်များ ပြန်လည်ကြည့်ရှုခြင်း)ကို စတင်သွား ဖွယ်ရှိကြောင်း Daily Mail သတင်း စာက ဖော်ပြခဲ့သည်။