ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် တာဟစ်ချောင်အား ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း စောင့်ကြည့်နေ

ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် တာဟစ်ချောင်အား ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း စောင့်ကြည့်နေ
Photo: Getty Images
Photo: Getty Images
Published 1 November 2019

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် နယ်သာလန်လူငယ်တောင်ပံကစားသမား တာဟစ်ချောင်အား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် နယ်သာလန်လူငယ်တောင်ပံကစားသမား တာဟစ်ချောင်အား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အသက် (၁၉)နှစ်အရွယ်ရှိ တာဟစ်ချောင်သည် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းက စာချုပ်သက်တမ်းတိုးရန် ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ သဘောတူညီမှုမရသေးကြောင်း သိရသည်။ 

တာဟစ်ချောင်အား ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး မန်ယူအသင်းအနေဖြင့် ပေါ့ဘာကို ဆုံးရှုံးခဲ့ရသည့်အဖြစ်မျိုးနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း Daily Mail က သုံးသပ်ခဲ့သည်။ 

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ၂၀၁၂ ခုနှစ်တွင် မန်ယူအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး နောက် (၄)နှစ်အကြာတွင် မန်ယူအသင်းက ၎င်းကို ပေါင် (၈၉)သန်းဖြင့် ပြန်လည်ဝယ်ယူခဲ့ရသည်။ 

တာဟစ်ချောင်သည် ၂၀၁၆ ခုနှစ်တွင် နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အသင်းအတွက် စတင်ကစားခွင့်ရခဲ့ကာ ပြိုင်ပွဲစုံ (၈)ပွဲ ပါဝင်ကစားပေးထားကြောင်း သိရသည်။ 

 

Most Read

Most Recent