ဝါရင့်ဂိုးသမား ဘူဖွန်အား တစ်နှစ်စာချုပ်သက်တမ်းတိုးရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

ဝါရင့်ဂိုးသမား ဘူဖွန်အား တစ်နှစ်စာချုပ်သက်တမ်းတိုးရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ
Photos: AP & EPA
Photos: AP & EPA
Published 30 October 2019

ဂျူဗင်တပ်စ်အသင်းသည် အသင်း၏ အီတလီဝါရင့်ဂိုးသမား ဘူဖွန်အား တစ်နှစ်စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ 

ဂျူဗင်တပ်စ်အသင်းသည် အသင်း၏ အီတလီဝါရင့်ဂိုးသမား ဘူဖွန်အား တစ်နှစ်စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ 

လက်ရှိတွင် အသက် (၄၁)နှစ်ကျော်နေပြီဖြစ်သည့် ဘူဖွန်သည် ကစားသမားဘဝမှ အနားယူရန် အစီအစဉ်မရှိသေးဘဲ အသက် (၄၃)နှစ်အထိ ကစားသွားရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။ 

ဘူဖွန်သည် ၂၀၀၁ ခုနှစ်တွင် ပါးမားအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်း၌ (၁၇)ရာသီကြာ ကစားပြီးနောက် ၂၀၁၇-၁၈ ရာသီကုန်တွင် PSG အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ 

ယင်းနောက် ဘူဖွန်သည် PSG အသင်းတွင် တစ်ရာသီသာ ကစားခဲ့ပြီး ၂၀၁၈-၁၉ ရာသီကုန်တွင် လမ်းခွဲခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် အသင်းလက်မဲ့ဖြစ်နေသည့် ဘူဖွန်ကို ယခုရာသီအစပိုင်းတွင် တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ဘူဖွန်သည် ဂျူဗင်တပ်စ်အသင်းတွင် ဂိုးသမား ဆဇက်စနီ၏နောက် ဒုတိယဂိုးသမားအဖြစ် ပါဝင်ကစားနေခြင်းဖြစ်ပြီး ယခုရာသီတွင် (၃)ပွဲသာ ကစားခွင့်ရထားသေးသည်။ 

သို့သော် ဂျူဗင်တပ်စ်အသင်းသည် ဘူဖွန်မှာ လက်ရှိအချိန်ထိ အားကိုးနေရဆဲဖြစ်သဖြင့် လက်လွှတ်လိုခြင်းမရှိဘဲ တစ်နှစ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အကယ်၍ ဂျူဗင်တပ်စ်အသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးဖြစ်ခဲ့ပါက ဘူဖွန်အနေဖြင့် ယင်းအချိန်တွင် အသက် (၄၃)နှစ်ကျော်နေမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent