ယနေ့ညကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 25 October 2019

ဆောက်သမ်တန် - လက်စတာ (စနေနံနက် ၁:၃၀ နာရီ)

ဆောက်သမ်တန်က ရလဒ်တွေဆိုး၊ ခြေစွမ်းကျ၊ စိတ်ပျက်စရာပါ။ ဝုလ်ဗ်နဲ့ပွဲတုန်းက အဝေးကွင်းမှာ သရေကစားနိုင်ခဲ့ပေမယ့် ဝုလ်ဗ် ကံဆိုးခဲ့တယ်လို့ပဲ ပြောရမယ်။  လက်စတာကတော့ ဒီရာသီမှာ အကောင်းဆုံးပုံစံပြနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုပါ မျှော်လင့်နေတဲ့အသင်းဖြစ်တယ်။ နောက်ဆုံးအဝေးကွင်းနှစ်ပွဲဆက်ရှုံးခဲ့ပေမယ့် ဒီပွဲကတော့ လက်စတာ အနိုင်ယူမယ့်ပွဲပါ။ 

ဗီလာရီးယဲလ် - အလာဗတ်စ် (စနေနံနက် ၁:၃၀ နာရီ)

ဗီလာရီးယဲလ်ရဲ့ ခြေစွမ်းက တိုးတက်မှုရှိနေသလို အိမ်ရှင်အားလည်း ရှိနေတယ်။ အထူးသဖြင့် ခုနောက်ပိုင်းပွဲတွေမှာ ခံစစ်ပိုင်းပါ တိုးတက်လာနေတာ တွေ့ရတယ်။ တိုက်စစ်ကလည်း ပွဲတိုင်း ဂိုးရအောင်ကစားနိုင်တဲ့ တိုက်စစ်မျိုးဖြစ်ပြီး အိမ်ကွင်းဆိုရင် တိုက်စစ်ပိုဖွင့်ကစားလေ့ရှိတယ်။ အလာဗတ်စ်ကလည်း အဝေးကွင်းအားနည်းပေမယ့် အစဉ်အလာတွေအရတော့ ဗီလာရီးယဲလ်ကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အဝေးကွင်းနိုင်ပွဲမရသေးတဲ့ အလာဗတ်စ်ကြောင့် ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းကိုပဲရွေးထားချင်တယ်။

ဗီရိုနာ - ဆာဆူအိုလို (စနေနံနက် ၁:၁၅ နာရီ)

နှစ်သင်းစလုံး နောက်ဆုံးပွဲမှာ ပွဲကျပ်ခဲ့ပြီး ရှုံးပွဲရင်ဆိုင်ခဲ့ရပေမယ့် ပုံစံကောင်းပြသနိုင်ခဲ့တယ်။ ဆာဆူအိုလိုက တန်းဆင်းဇုန်အနီးပတ်ဝန်းကျင်ကနေ ရုန်းထွက်ချင်နေလို့ အမှတ်ပိုပြီး လိုချင်နေလိမ့်မယ်။ ဒါပေမဲ့ အဝေးကွင်း (၃)ပွဲစလုံးရှုံးနိမ့်ထားပုံမျိုးနဲ့ ဒီပွဲမှာလည်း ဆာဆူအိုလို တစ်မှတ်ထက်ပိုမရနိုင်ဘူး။

မိန့်ဇ် - ကိုလုံး (စနေနံနက် ၁:၀၀ နာရီ)

လတ်တလောခြေစွမ်းမှာတော့ ဧည့်သည် ကိုလုံးအသင်းကတောင် နှာတစ်ဖျားသာနေတယ်။ မိန့်ဇ်ကွင်းမှာ ကိုလုံး အမှတ်ရလိမ့်မယ်။

 

Most Read

Most Recent