ပွဲထွက်ခွင့်အတွက် ဂျေးဇူး၏ကြိုးစားအားထုတ်မှုကို ဂွါဒီယိုလာ ချီးကျူး 

ပွဲထွက်ခွင့်အတွက် ဂျေးဇူး၏ကြိုးစားအားထုတ်မှုကို ဂွါဒီယိုလာ ချီးကျူး 
Photos: Getty Images
Photos: Getty Images
Published 23 October 2019

အသက် (၂၂)နှစ်ရှိ ဂျေးဇူးသည် မန်စီးတီးအသင်းတွင် ပွဲထွက်ခွင့်အတွက် ၀ါရင့်တိုက်စစ်မှူး အဂွဲရိုးနှင့်အပြိုင်ကြိုးစားနေရသူဖြစ်ပြီး ပွဲ(၁၁၀)ကစားခဲ့ရာတွင် သွင်းဂိုး (၅၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ 

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ခရစ္စတယ်ပဲလေ့စ်အသင်းအား (၂-၀)ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူကာ အသင်းအတွက်ဂိုး (၅၀)ပြည့်မြောက်ခဲ့သည့် ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဂျေးဇူး၏ကြိုးစားအား ထုတ်မှုကို ချီးကျူးပြောကြားခဲ့သည်။  

အသက် (၂၂)နှစ်ရှိ ဂျေးဇူးသည် မန်စီးတီးအသင်းတွင် ပွဲထွက်ခွင့်အတွက် ၀ါရင့်တိုက်စစ်မှူး အဂွဲရိုးနှင့်အပြိုင်ကြိုးစားနေရသူဖြစ်ပြီး ပွဲ(၁၁၀)ကစားခဲ့ရာတွင် သွင်းဂိုး (၅၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "ဆာဂျီယို (အဂွဲရိုး)လို ကစားသမားမျိုးနဲ့ပြိုင်ဆိုင်ရတာက အခက်ခဲဆုံးအရာတစ်ခုဖြစ်နိုင်ပါတယ်။ သူက ဂန္ထဝင်တစ်ဦးပါ။ ဂျေးဇူးကတော့ စစ်မှန်တဲ့ပြိုင်ဆိုင်သူတစ်ယောက်ပါ။ လေ့ကျင့်ရေးတိုင်းမှာလည်း တိရစ္ဆာန်တစ်ကောင်လို ယှဉ်ပြိုင်ကစားလေ့ရှိပါတယ်။ သူ့လိုကစားသမားမျိုးရှိတာ ကျွန်တော်တို့ ကံကောင်းပါတယ်" ဟု ချီးကျူးပြောဆိုခဲ့သည်။ 

 

Most Read

Most Recent