ရုရှားစစ်ဘက်ဆိုင်ရာထုတ်ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့ခြင်းသည် တိုင်းပြည်ကာကွယ်ရေးစွမ်းရည် ကြံ့ခိုင်စေလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရုရှားစစ်ဘက်ဆိုင်ရာထုတ်ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့ခြင်းသည် တိုင်းပြည်ကာကွယ်ရေးစွမ်းရည် ကြံ့ခိုင်စေလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 30 January 2018

ရုရှားစစ်ဘက်ဆိုင်ရာထုတ်ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့ခြင်းသည် တိုင်းပြည်ကာကွယ်ရေးစွမ်းရည် ကြံ့ခိုင်စေလိုသည့် ရည်ရွယ်ချက်သာဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနှင့် ရုရှား နှစ်နိုင်ငံအကြား စွမ်းရည်မြင့်တိုက်လေယာဉ်များ ဝယ်ယူမည်ဟု သတင်းများထွက်ပေါ်လာအပြီးတွင် အမေရိကန်ဘက်မှ မှတ်ချက်ပြုပြောကြားခဲ့ပြီးနောက် ယခုကြေညာချက်အား ရုရှားနိုင်ငံဘက်မှ ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ရုရှား-မြန်မာအနာဂတ်တွင် စစ်ဘက်ဆိုင်ရာ စွမ်းရည်တိုးမြှင့်ရန်နှင့် စစ်ဘက်-နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နောက်ဆုံးသဘောတူညီချက်အပေါ် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိ၏ ဝေဖန်ပြောဆိုခဲ့သည်ကို သတိပြုမိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အခြေအနေများ ပုံမှန်အနေအထားရောက်ရှိစေရန် နိုင်ငံတကာလူ့အသိုင်းအဝန်းမှ အားထုတ်ကြိုးပမ်းကူညီပေးနေမှုများတွင် ရုရှားနိုင်ငံသည် အားသွန်ခွန်စိုက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနေသည့် ပြဿနာများအား မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာပြီး နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ဘက်-နည်းပညာဆိုင်ရာ အခန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို သွေဖယ်ဆန့်ကျင်မှုမပြုပါက ထိုပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအစိုးရအကြား ဆက်ဆံရေး၏ တရားဝင်အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ ရုရှားစစ်ဘက်ဆိုင်ရာထုတ်ကုန် ျား မြန်မာနိုင်ငံသို့ တင်ပို့ခြင်းသည် တိုင်းပြည်ကာကွယ်ရေးစွမ်းရည် ကြံ့ခိုင်စေလိုသည့် ရည်ရွယ်ချက်သာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent