တန်းဆင်းဇုန်ထဲမှ အသင်းများနှင့် ဆုံတွေ့မှုတွင် ယာဂန်ကလော့ပ်၏ မှတ်တမ်းဆိုးရွားနေပြီး စုစုပေါင်း(၁၉)ပွဲ၌ (၆)ပွဲသာ အနိုင်ရရှိခဲ့

တန်းဆင်းဇုန်ထဲမှ အသင်းများနှင့် ဆုံတွေ့မှုတွင် ယာဂန်ကလော့ပ်၏ မှတ်တမ်းဆိုးရွားနေပြီး စုစုပေါင်း(၁၉)ပွဲ၌ (၆)ပွဲသာ အနိုင်ရရှိခဲ့
Published 18 October 2018

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် လက်ရှိရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပြီး မန်စီးတီး၊ ချယ်လ်ဆီးတို့နှင့်အပြိုင် အမှတ်တူဖြင့် ဇယားထိပ်ပိုင်းတွင် ရပ်တည်နေသော်လည်း တန်းဆင်းဇုန်ထဲမှ အသင်းများနှင့် ဆုံတွေ့မှုတွင် မှတ်တမ်းဆိုး ပိုင်ဆိုင်ထားခြင်းကြောင့် လာမည့်ပွဲစဉ်များတွင် သတိထားရမည့်အခြေအနေရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ယာဂန်ကလော့ပ်သည် လီဗာပူးလ်နည်းပြအဖြစ် ဆောင်ရွက်နေစဉ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တန်းဆင်းဇုန်ထဲမှ အသင်းများနှင့် စုစုပေါင်း(၁၉)ပွဲ ဆုံတွေ့ခဲ့ရာ၌ (၆)ပွဲသာ အနိုင်ရရှိခဲ့ပြီး (၇)ပွဲသရေ၊ (၆)ပွဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်က အဆင့်(၁၉)နေရာမှ နယူးကာဆယ်အသင်းနှင့် စတင်ဆုံတွေ့ခဲ့ပြီး (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသလို၊ ပြီးခဲ့သည့်ရာသီကလည်း တန်းဆင်းဇုန်အသင်းများနှင့် နောက်ဆုံးရင်ဆိုင်ခဲ့ရသည့် (၃)ပွဲစလုံး နိုင်ပွဲပျောက်ခဲ့ရသည်။

လီဗာပူးလ်အသင်းသည် ယခုတစ်ပတ် စနေနေ့တွင် အဆင့်(၁၈)နေရာမှ ဟတ်ဒါဖီးလ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လာမည့်အပတ်စနေနေ့တွင် အဆင့်(၂၀)နေရာမှ ကာဒစ်ဖ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ထို့ကြောင့် ယာဂန်ကလော့ပ်အနေဖြင့် မှတ်တမ်းဆိုးကို ပြောင်းလဲနိုင်ခြင်းရှိ၊ မရှိ စောင့်ကြည့်သွားရမည်ဟု ဆောင်းပါးရှင် ဂျိမ်းစ်ဒပ်တန်က Daily Mail သတင်းစာတွင် ရေးသားခဲ့ခြင်းလည်းဖြစ်သည်။

 

Most Read

Most Recent