အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်မှ အမှိုက်စွန့်ပစ်ခြင်းနှင့် မြေစာများစုပုံခြင်း၊ ဝက်ခြံပြုလုပ်ထားခြင်းတို့ကို မြန်မာနိုင်ငံဘက်မှ အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပြီး နှစ်နိုင်ငံဒေသဆိုင်ရာ အာဏာပိုင်များ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ရန် သဘောတူထားဟုဆို

အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်မှ အမှိုက်စွန့်ပစ်ခြင်းနှင့် မြေစာများစုပုံခြင်း၊ ဝက်ခြံပြုလုပ်ထားခြင်းတို့ကို မြန်မာနိုင်ငံဘက်မှ အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပြီး နှစ်နိုင်ငံဒေသဆိုင်ရာ အာဏာပိုင်များ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ရန် သဘောတူထားဟုဆို
Published 1 November 2017

မြန်မာ-အိန္ဒိယနယ်စပ်တွင် အိန္ဒိယဘက်မှ အမှိုက်များပစ်ထားသည်ကို တွေ့ရစဉ်

အိန္ဒိယ-မြန်မာနယ်စပ်တွင် အိန္ဒိယ နိုင်ငံဖက်မှ အမှိုက်များစွန့်ပြစ်ခြင်းနှင့် မြေစာများစုပုံခြင်း ၊ ဝက်ခြံပြုလုပ်ထားခြင်းတို့ ပြုလုပ်နေခြင်းကို မြန်မာနိုင်ငံဘက်မှ အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပြီး နှစ်နိုင်ငံဒေသဆိုင်ရာ အာဏာပိုင်းများမှ အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်ရန် သဘောတူထားသည်ဟု သိရသည်။

“အဓိကမေးတာက BP 78 ဆိုတာက မဟူရာချောင်းရဲ့ အထက်ဘက်မြို့ ရေပေးဝေရေးနားမှာ မြေစာပုံပုံတယ်။ အမှိုက်ပစ်တယ်။ အဲဒီချောင်းရေကိုတစ်မြို့လုံးအတွက် သုံးနေတာဆိုတော့ တစ်မြို့လုံးကျန်းမာရေး ထိခိုက်လာမှာ ဖြစ်တဲ့အတွက်ပါ။ နောက်တစ်ခုက အဲဒီနားလေးမှာ BP 77 နယ်ခြားမှတ်တိုင်ရှိတယ်။ အဲဒီမှာမြေစာပုံတွေ ပုံတယ်။ အမှိုက်တွေ ပို့လာမယ်ဆိုရင် နယ်နိမိတ်တွေက ရေရှည်မှာ ပြောင်းလဲသွားနိုင်တဲ့အတွက် ကြိုပြီးမှ ကန့်ကွက်တာပါ။ ဒါနဲ့ ပတ်သက်ပြီးမှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကကန့်ကွက်တာ ရှိပေမယ့် မထိရောက်ဖူး ဖြစ်နေတယ်။ ဒါ့ကြောင့် လွှတ်တော်ကနေတင်လိုက်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနက တောက်လျှောက် ဒီအပေါ်မှာဆွေးနွေးတယ် ။ အကိုကြားတာကတော့ တရားဝင်တော့ မဟုတ်သေးဘူး။ ဒီမြေစာပုံကို အိန္ဒိယဘက်က ပြန်သယ်ပေးသွားမယ်ဆိုတာလို့တော့ ကြားထားတယ်။ ဒီမြေစာပုံတွေကို ဒေသအာဏာပိုင် အချင်းချင်း ညှိပြီးဆောင်ရွက်မယ်လို့ ပြောပါတယ်။ အခုဟာကနယ်နိမိတ် ပြဿနာပါ ရှင်းရမယ့် အနေအထား။ ရှင်းပြီး ခြံစည်းရိုးတွေ ခတ်နိုင်မှ တစ်ဖက်နိုင်ငံက အမှိုက်ပြစ်တဲ့ ပြဿနာနဲ့ အဆောက်အအုံတွေ တိုးချဲ့ခြင်း ပြဿနာတွေ ပြေလည်သွားမှာပါ။ အဲဒီအဆင့်ရောက်အောင်က ပြည်ထောင်စုအဆင့်ခြင်း နှစ်နိုင်ငံ ချိတ်ဆက်လုပ်နေကြပါတယ်။ အကိုတို့ကတော့ နယ်နိမိတ်ပြဿနာက နှစ်ပေါင်းများစွာကြာပြီ မပြီးပြတ်ခဲ့ဘူး။ ဒါက ပြဿနာကြီးတစ်ခု မဖြေရှင်းနိုင်သေးတာပေါ့ ။ အခုအကိုတို့ အစိုးရလက်ထက်မှာ ချစ်ကြည်ရေး ရွှေလမ်းငွေလမ်း ဖောက်နေတဲ့ အချိန်ဆိုတော့ ပြီးပြတ်သွားအောင်လုပ်ချင်ပါတယ်” ဟု တမူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ အိန္ဒိယနိုင်ငံ ဒီရာဒွန်းမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ်လုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးတွင် နယ်နိမိတ် မှတ်တိုင်အမှတ် ၇၇ အနီး မြေစာများ စုပုံထားခြင်းကို ထည့်သွင်းဆွေးနွေးခဲ့ရာ နှစ်ဖက် ဒေသအာဏာပိုင်များအကြား ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီး အမြန်ဆုံး ဆောင်ရွက်နိုင်ရေး ဒေသအာဏာပိုင်ထံသို့ ဆက်လက်ညွှန်ကြားထားပြီး ဖြစ်ပါသည်ဟု လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုကိုဖြေကြားသည်။

 

 

Most Read

Most Recent