ဘုံကထိန်မဏ္ဍပ်တွင်ရှိနေသည့် အမျိုးသားတစ်ဦး ဝက်အူလှည့်ဖြင့်အထိုးခံရမှု လှည်းကူးမြို့နယ်၌ ဖြစ်ပွား

ဘုံကထိန်မဏ္ဍပ်တွင်ရှိနေသည့် အမျိုးသားတစ်ဦး ဝက်အူလှည့်ဖြင့်အထိုးခံရမှု လှည်းကူးမြို့နယ်၌ ဖြစ်ပွား
Published 31 October 2017

လှည်းကူးမြို့နယ်တွင် ဘုံကထိန်မဏ္ဍပ်၌ရှိနေသည့် အမျိုးသားတစ်ဦး ဝက်အူလှည့်ဖြင့် အထိုးခံရမှု အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဝက်အူလှည့်ဖြင့် အထိုးခံရသည့် အမျိုးသားမှာ လှည်းကူးမြို့နယ်တွင် နေထိုင်သည့် ဦး......(၅၃ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် လှည်းကူးမြို့နယ်၊ ဖရုံစုကျေးရွာရှိ ဘုံကထိန်မဏ္ဍပ်တွင်ရှိနေစဉ် ယင်းကျေးရွာတွင် နေထိုင်သည့် ဦးထွန်းအေး (ခ) အပနား (၅၇ နှစ်) ဆိုသူက လျှပ်စစ်မီးစမ်းသပ်ရာတွင် အသုံးပြုသည့် ငါးလက်မခန့်အရှည်ရှိ ဝက်အူလှည့်ဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး ဦး . . . .(၅၃ နှစ်) မှာ ညာဘက်လည်ပင်းနှင့် ဘယ်ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ဝက်အူလှည့်နဲ့ ထိုးသွားတဲ့လူနဲ့ အထိုးခံရတဲ့လူက ရန်ငြိုးရန်စမရှိဘူးလို့ သိရတယ်။ ရန်ငြိုးရန်စမရှိဘဲ အသားလွတ်ထိုးသွားတာလို့ လတ်တလောသိရတယ်။ ကျန်တာတွေကတော့ ဆက်လက်စစ်ဆေးနေတုန်းပါ” ဟု ရန်ကုန်တိုင်းဒေသကြီးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒဏ်ရာများရရှိခဲ့သဖြင့် ဦး...... အား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ (စိုးရိမ်ရ) လူနာအဖြစ် တင်ပို့ကုသထားရကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို ဒါးပိန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent