UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 14 October 2018

 

ရိုမေးနီးယား နှင့် ဆားဘီးယား (တနင်္ဂနွေည ရး၃၀ နာရီ)

ဆားဘီးယားလိုအသင်းမျိုးက လက်ရှိလူအင်အားနဲ့ League-C လိုအဆင့်မှာ မရှိသင့်ပါဘူး။ ရိုမေးနီးယားကွင်းပေမယ့် ဆားဘီးယား အနိမ့်ဆုံးသရေကစားမယ်။

ရုရှား နှင့် တူရကီ (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

တူရကီအသင်းမှာ ကစားသမားကောင်းတချို့ရှိပေမယ့် အသင်းခြေစွမ်းက အတက်အကျမမှန်ဘူး။ အထူးသဖြင့် တိုက်စစ်မှူး တိုဆွန် နိုင်ငံအသင်းမှာရော၊ ကလပ်အသင်းမှာပါ ရုန်း ကန်နေရတာက အသင်းအပေါ် သက်ရောက်မှုတွေရှိလာနိုင် တယ်။ ရုရှားတိုက်စစ်မှာတော့ ဂျူဘာ၊ ချီရီရှက်ဗ်တို့က အားကိုးရတဲ့အနေအထား ရောက်လာပါပြီ။ ရုရှားအသင်းဘက်ကပဲ ရပ် တည်သင့်တယ်။

ပိုလန် နှင့် အီတလီ (တနင်္လာနံနက် ၁း၁၅ နာရီ)

အိမ်ကွင်းကစားခဲ့တုန်းက ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ နောက်ကျပယ်နယ်တီကြောင့်သာ အီတလီ မရှုံးခဲ့ရတာပါ။ ပြီးခဲ့တဲ့မေလကတည်းက အသင်းကိုစတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြ မန်စီနီလည်း အခုချိန်အထိ သူ့စိတ်ကြိုက်ပွဲထွက်(၁၁)ယောက်ကို မရှာဖွေနိုင်သေးဘူး။ ပိုလန်ကတော့ ဂိုးရဖို့ လီဝန်ဒေါစကီးကိုပဲ မှီခိုနေရတဲ့အနေအထားကို လျှော့ချနိုင်မယ့်အလားအလာတွေ ရှိနေတယ်။ ဒဏ်ရာကပြန်လာတဲ့ မီလစ်ခ်အပြင် စီးရီးအေဂိုးသွင်းအများဆုံးဖြစ်နေတဲ့ ပီယွန်တက်ခ်ပါရှိနေလို့ ပိုလန်တိုက်စစ်က စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ အီတလီ မနိုင်နိုင်ဘူး။

အစ္စရေး နှင့် အယ်လ်ဘေးနီးယား (တနင်္လာနံနက် ၁း၁၅ နာရီ)

အစ္စရေးရဲ့ခြေစွမ်းက အကျဘက်ယိုင်နေပေမယ့် အိမ်ကွင်းမှာတော့ အထိုက်အလျောက် မာကျောမှုရှိနေဆဲပါ။ အစ္စရေး အနိုင်နဲ့ သရေပါပဲ။

လစ်သူယေးနီးယား နှင့် မွန်တီနီဂရိုး (တနင်္လာနံနက် ၁း၁၅ နာရီ)

လစ်သူယေးနီးယားက League-C ပြိုင်ပွဲဝင်အသင်းတွေထဲမှာ အားအနည်းဆုံးအသင်းပါ။ မွန်တီနီဂရိုး အမှတ်ပြည့်ယူ ပါလိမ့်မယ်။

Most Read

Most Recent