အင်တာမီလန်အသင်းရဲ့ ဘယ်နောက်ခံလူ ဒီမာကိုဟာ စီးရီးအေမှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဒီမာကိုဟာ တိုရီနို ၂-၂ အင်တာမီလန်ပွဲမှာ အင်တာမီလန်အသင်း သွင်းယူခဲ့တဲ့ နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့ပြီး ဒီရာသီ စီးရီးအေမှာ သူ့ရဲ့ ဂိုးဖန်တီးမှုက (၁၇)ဂိုး ရှိသွားခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၉-၂၀ ရာသီတုန်းက အတ္တလန်တာကစားသမား ပါပူဂိုးမက်ဇ် တင်ထားခဲ့တဲ့ ဂိုးဖန်တီးမှု(၁၆)ဂိုး စံချိန်ကို ကျော်ဖြတ်ပြီး ဒီမာကိုက စံချိန်တင်သစ်နိုင်ခဲ့တာပါ။
ဒီမာကို (၂၈ နှစ်)ဟာ အင်တာမီလန်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပေမဲ့ ၂၀၁၇ နွေရာသီမှာ ဆွစ်ဇာလန်ကလပ် ဆီယွန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ နွေရာသီမှာမှ အင်တာမီလန်အသင်းကို ပြန်လည်ရောက်ရှိခဲ့တာပါ။
ဒီမာကိုဟာ ၂၀၂၁-၂၂ ရာသီက စတင်ကာ အင်တာမီလန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီး ဒီရာသီမှာတော့ သွင်းဂိုးတွေရော ဖန်တီးမှုတွေနဲ့ပါ ခြေစွမ်းပြနေတာဖြစ်ပါတယ်။
အီတလီလက်ရွေးစင်ကစားသမား ဒီမာကိုဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံးခံစစ်အစွန်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရကြောင်းလည်း သိရပါတယ်။
စီးရီးအေမှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဒီမာကို စံချိန်တင်
Most Read
Most Recent
10 hours ago















