မောင်တောမြို့နယ် ကညင်တန်းကျေးရွာတွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ခြောက်ဦးအား ရွာသားများက ဝိုင်းဝန်းဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

မောင်တောမြို့နယ် ကညင်တန်းကျေးရွာတွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ခြောက်ဦးအား ရွာသားများက ဝိုင်းဝန်းဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ
Published 12 September 2017

မောင်တောမြို့နယ် ကညင်တန်းကျေးရွာတွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ခြောက်ဦးအား ရွာသားများက ဝိုင်းဝန်းဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလာရောက်အပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာသို့ ယနေ့ (စက်တင်ဘာ ၁၁ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဓား၊ လေးခွများ ကိုင်ဆောင်ထားသော ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ခြောက်ဦးသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ၎င်းကျေးရွာနေ နူရ်ဟာဆောင်၏ သားဖြစ်သူ အာလီခါန် အသက် ၂၄ နှစ်အား ဖမ်းဆီးခေါ်ဆောင်သဖြင့် ကျေးရွာအတွင်း နေထိုင်လျက်ရှိသော ဘင်္ဂါလီအချင်းချင်းမှ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများအား ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဝိုင်းဝန်းဖမ်းဆီးရမိသော ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ခြောက်ဦးမှာ ရသေ့တောင်မြို့နယ်၊ နီးလင်းဘော်ကျေးရွာနေ မော်ဂိုလာမောက် (ဘ) ကာဆိမ်း၊ အောက်နန်းရာကျေးရွာနေ ဟူဆောန်းအာမတ် (ဘ) မော်တူရာမာန်၊ ဘလာမီကျေးရွာနေ ဆော်ယော့ဒူလ္လာ (ဘ) အီမန်ဟူးဆောင်း၊ ပေါက်ပင်ရင်းကျေးရွာနေ ကေပါယာဒ်အူလ္လာ (ဘ) ရာမောက်တူလာ၊ နီလင်းဘော်ကျေးရွာနေ ဘော်ရှီးအူလ္လာ (ဘ) နိုမာမတ်နှင့် နီလင်းဘော်ကျေးရွာနေ အတာဟူရာမန် (ဘ) အာတာအူလ္လာတို့ ဖြစ်ပြီး ၎င်းတို့အား ဓားလေးချောင်း၊ လေးခွ တစ်လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများအား နယ်မြေရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent