
ဖေဖော်ဝါရီ ၂၁ ရက်က လော့စ်အိန်ဂျလိစ်ရှိ လမ်းတစ်လမ်းတွင် သွားလာနေသော ကားများ (Photo: AFP)
မီးခိုးမြူ ပြည့်နှက်မှုနှင့် ရင်ဆိုင်နေရသည့် လော့စ်အိန်ဂျလိစ်မြို့တွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှု မရှိသည့် ရာနှုန်းပြည့် လျှပ်စစ်ကားများ ထားရှိမည့် စီမံကိန်းများကို အာဏာပိုင်များက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယာဉ်အစီးရေ ၂,၂၀၀ ဝယ်ယူမှုှု ပါဝင်မည့် ယင်းစီမံကိန်းအတွက် လာမည့် ၁၀ နှစ်ကျော်အတွင်း ဒေါ်လာ တစ်ဘီလျံခန့် ကုန်ကျနိုင်သည်ဟု လော့စ်အိန်ဂျလိစ် အာဏာပိုင်များက ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်တွင် လက်ရှိ ပြေးဆွဲနေသည့် CNG သုံး ဘတ်စ်ကားများသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ယင်းတို့ကို ဝယ်ယူခဲ့စဉ်က သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု အရှိဆုံးဟု ယူဆခဲ့ကြသည်။
CNG သမဂ္ဂ အဖွဲ့တစ်ဖွဲ့က ယင်းအပြောင်းအလဲကို ယခင်က ကန့်ကွက်ခဲ့ပြီး လျှပ်စစ်ဘတ်စ်ကားများထားရှိမည့် ရည်ရွယ်ချက်များသည် လျော်ညီမှုရှိသော်လည်း ယင်းကားများသည် ယခုအချိန်ထိ ယုံကြည်စိတ်ချမှု မရှိသည့် နည်းပညာတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်သည် သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက်က ရရှိခဲ့သော ပါရီရာသီဥတု သဘောတူညီချက်မှ အမေရိကန်ကို နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သော်လည်း လော့စ်အိန်ဂျလိစ်ပါဝင်သည့် ကယ်လီဖိုးနီးယားပြည်နယ်သည် ကာဗွန်ထုတ်လွှတ်မှုကို ဆန့်ကျင်သည့် တိုက်ပွဲဝင်မှု၌ ရှေ့တန်းမှ ရပ်တည်ခဲ့သည်။
Ref: AFP














