ဘိုလီးဗီးယားနိုင်ငံ၌ ဗဟို-လက်ယာသမ္မတ ရိုဒရီဂိုလိုပက်ဇ် နုတ်ထွက်ရန် တောင်းဆိုသော ဆန္ဒပြပွဲများ အရှိန်ပြင်းထန်

ဘိုလီးဗီးယားနိုင်ငံ၌ ဗဟို-လက်ယာသမ္မတ ရိုဒရီဂိုလိုပက်ဇ် နုတ်ထွက်ရန် တောင်းဆိုသော ဆန္ဒပြပွဲများ အရှိန်ပြင်းထန်
Published 19 May 2026
Ref;AFP

ဆန္ဒပြသူများက အစိုးရအဆောက်အအုံများထဲ ဝင်ရောက်ခဲ့ဲကြပြီး ဆန္ဒပြခေါင်းဆောင်က မငြိမ်သက်မှုများနှင့်ပတ်သက်၍ အကြမ်းဖက်စွဲချက်များကို ရင်ဆိုင်နေရချိန်တွင် ဗဟို-လက်ယာသမ္မတ ရုဒရီဂိုလိုပက်ဇ် နုတ်ထွက်ရန် တောင်းဆိုသော ဘိုလီးဗီးယားဆန္ဒပြပွဲများ မေ ၁၈ ရက်တွင် အရှိန်ပြင်းထန် လာခဲ့သည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲများက ဆန္ဒပြသူများနှင့် နာရီများစွာ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ လာပက်ဇ်၏လမ်းများတွင် မျက်ရည်ယိုအငွေ့များ လွှမ်းနေသည်။ စျေးဆိုင်များ ပိတ်ထားသည်။ ဆန္ဒပြသူများက မြို့တော်လာပက်ဇ်သို့လာသော လမ်းကြောင်းများကို ပိတ်ဆို့ထားကာ ဆန္ဒပြနေသောကြောင့် ပစ္စည်းများ လျော့နည်းလာသည်။

လယ်သမားများ၊ သတ္တုတွင်းလုပ်ငန်း များ၊ ကျောင်းဆရာ ဆရာမများ၊ အခြားကဏ္ဍများမှ အလုပ်သမားများ၊ တိုင်းရင်းသားအုပ်စုများက သီတင်းပတ်ချီဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ကြပြီး လုပ်ခတိုးရေး၊ စီးပွားရေး တည်ငြိမ်းရေး၊ အစိုးရပိုင်ကုမ္ပဏီများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲနေခြင်းကို အဆုံးသတ်ရေးတို့အား တောင်းဆိုခဲ့ကြသည်။

ဘိုလီးဗီးယားနိုင်ငံသည် လွန်ခဲ့သော နှစ် ၄၀ တွင် အဆိုးဆုံး စီးပွားရေးအခြေအနေကို ခံစားနေရပြီး ဧပြီလထဲတွင် ငွေကြေးဖောင်းပွမှုသည် ၁၄ ရာခိုုင်နှုန်းရှိခဲ့သည်။

မေ ၁၈ ရက် ညနေပိုင်းတွင် လာပက်ဇ်၌ တည်ငြိမ်မှု အများအပြားရှိလာပြီဖြစ်သော်လည်း လမ်းပေါ်တွင် ရှိနေကြသူများသည် သမ္မတပက်ဇ်ကို ဒေါသထွက်နေကြသည်။  ရိုဒီရီဂိုပက်ဇ်သည် လွန်ခဲ့သောခြောက်လမပြည့်မီအချိန်တွင်သမ္မတရာထူးကို လွှဲယူခဲ့သူဖြစ်သည်။ ဆိုရှယ်လစ်အစိုးရ အနှစ် ၂၀ ကြာအုပ်ချုပ်ခဲ့ပြီး ရီဒရီဂိုလိုပက်ဇ်သမ္မတဖြစ် လာခဲ့ခြင်းဖြစ်သည်။

သူသည် သက်တမ်းအနှစ် ၂၀ ရှိ လောင်စာ ထောက်ပံ့ကြေးများကို ပယ်ဖျက်ခဲ့သည်။ ထိုထောက်ပံ့ကြေးများက ဘိုလီးဗီးယား၏အပြည်ပြည်ဆိုင်ရာ ဒေါ်လာအရန်ငွေများကို ကုန်ဆုံးစေသည်ဆိုသော်လည်း သူသည် လောင်စာတည်တည်ငြိမ်ငြိမ်ရရှိစေရန် လက်ရှိအချိန်ထိ လုပ်ဆောင်နိုင်ခြင်းမရှိပေ။

“ကျွန်တော်တို့ကတော့ သူ့ကို နုတ်ထွက်စေချင်ပါတယ်။ သူက အရည်မချင်းမရှိပါဘူး။  ဘိုလီးဗီးယားနိုင်ငံဟာ ကသောင်းကနင်းကာလကို ဖြတ်သန်းနေရတာပါ” ဟု အသက် ၆၀ နှစ်အရွယ် လယ်သမား အိုင်ဗန်အယ်လာကွန်က ပြောခဲ့သည်။ သူသည် ဆန္ဒပြပွဲတွင်ပါဝင်ရန် ဘိုလီးဗီးယားအနောက်ပိုင်း ကာကွီယာဗီ ရီမှ မိုင် ၆၀ လောက်လာခဲ့ရခြင်းဖြစ်သည်။

မေ ၁၈ ရက်စောစောပိုင်းတွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများက သတ္တုတွင်းလုပ်သားများ လာပက်ဇ်၏ရင်ပြင်ကြီးရှိရာသို့ ဝင်မလာစေရန် မျက်ရည်ယိုဓာတ်ငွေ့များကို အသုံးပြုခဲ့သည်။ ထိုရင်ပြင်တွင် အစိုးရအဆောက်အအုံများ တည်ရှိသည်။ ဆန္ဒပြသူများက အဓိကရုဏ်းနှိမ်နင်းရေးရဲများကို ပေါက်ကွဲစေသောအရာများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

အစိုးရက ထုတ်ပြန်သောပုံများတွင် ဆန္ဒပြသူများက ရုံးခန်းထဲဝင်လာခဲ့ပြီး ပရိဘောဂပစ္စည်းများ၊ ကွန်ပျူတာများ၊ မော်နီတာများ၊ အခြားပစ္စည်းများ ယူသွားကြသည်ကို တွေ့ရသည်။

အာဏာပိုုင်တို့က ထိခိုက်ဒဏ်ရာရသူရှိသည်ဟူသော သတင်းကို ထုတ်ပြန်ပေးခြင်း မရှိပေ။ သို့သော်လည်း အနည်းဆုံး ဆန္ဒပြသူ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု AFP သတင်းထောက်များက ပြောသည်။

တရားမဝင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးလိုက်သည်ဆိုသော်လည်း Unitel ရုပ်သံက သတင်းဖော်ပြခဲ့ရာတွင်မူ လူ ၁၀၀ ကျော် ထိန်းသိမ်းခံထားရသည်ဟု ဆိုခဲ့သည်။

ဆန္ဒပြခေါင်းဆောင်ကို အကြမ်းဖက်မှုစွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ထားသည်ဟု အစိုးရရှေ့နေက ပြောသည်။                  

 

Most Read

Most Recent