လူနည်းစုဖြစ်သော မြို၊ သက်၊ ဒိုင်းနက်မျိုးနွယ်စုများ ကွယ်ပျောက်သွားမည်ကို စိုးရိမ်နေရကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆွီဒင်သံမှူးကြီးနှင့် တွေ့ဆုံစဉ်ရှင်းလင်း

လူနည်းစုဖြစ်သော မြို၊ သက်၊ ဒိုင်းနက်မျိုးနွယ်စုများ ကွယ်ပျောက်သွားမည်ကို စိုးရိမ်နေရကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆွီဒင်သံမှူးကြီးနှင့် တွေ့ဆုံစဉ်ရှင်းလင်း
Published 4 October 2017

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ဆွီဒင်သံမှူးကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသည့် လူနည်းစုဖြစ်သော မြို၊ သက်၊ ဒိုင်းနက်မျိုးနွယ်စုများ ကွယ်ပျောက်သွားမည်ကို စိုးရိမ်နေရကြောင်း၊ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့အနေဖြင့် ကြီးကြပ်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံမှူးကြီး Mr,Johan Hallenborg နှင့်အဖွဲ့ဝင် Ms, Liznne တို့အား ဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။

အဆိုပါတွေ့ဆုံမှုတွင် သံမှူးကြီးက မောင်တောဒေသသို့ သွားရောက်လေ့လာခဲ့သည့် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းပြောကြားရာ တွေ့မြင်ခဲ့ရသည့် ပျက်စီးဆုံးရှုံးမှု အနေအထားများအရ ၎င်းအနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ ဆွီဒင်နိုင်ငံအနေဖြင့်လည်း အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ ဆန့်ကျင်သွားရန် အဆင်သင့်ရှိကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေး ကူညီထောက်ပံ့ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ နေရပ်စွန့်ခွာ တိုင်းရင်းသားဒုက္ခသည်များနှင့် တစ်ဖက်နိုင်ငံတွင် သွားရောက်ခိုလှုံနေကြသော ဘင်္ဂါလီ (မူရင်းတွင် တစ်ဖက်အသိုင်းအဝိုင်း) မှ ဒုက္ခသည်များအား ပြန်လည်လက်ခံနေရာချထားပေးရန် စီမံဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်းပြီး သိရှိလိုကြောင်း၊ ဆွီဒင်နိုင်ငံမှလည်း လိုအပ်သည့် အကူအညီများကို ကူညီသွားရန် အဆင်သင့်ရှိကြောင်း ပြေားကြားခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ “လူကြီးမင်း သွားရောက်လေ့လာ တွေ့ရှိခဲ့သည့်အတိုင်းပဲ ကြီးမားသည့် အကြမ်းဖက်မှုဖြစ်သွားခဲ့တာပါ။ ဒီအကြမ်းဖက်မှုဟာ လတ်တလော ပေါ်ပေါက်ဖြစ်ပွားသွားတာမျိုးမဟုတ်ဘဲ ကာလကြာမြင့်စွာ အချိန်ယူလုပ်ဆောင်လာတဲ့ အကြမ်းဖက်ဖြစ်စဉ်သာဖြစ်ကြောင်း၊ ဒီဒေသမှာ နေထိုင်နေကြတဲ့ တကယ့်လူနည်းစုများဖြစ်သော မြို၊ သက်၊ ဒိုင်းနက်၊ ဟိန္ဒူမျိုးနွယ်စုများ ကွယ်ပျောက်သွားမှာကိုတောင် စိုးရိမ်နေရကြောင်း၊ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေးနှင့် ပတ်သက်လို့ အစိုးရအဖွဲ့အနေနဲ့ ကြီးကြပ်ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် NGO, INGO, WFP ကဲ့သို့အဖွဲ့အစည်းများက လှူဒါန်းသည့်ပစ္စည်းများကို အကြမ်းဖက်အဖွဲ့စခန်းတွေမှာ တွေ့ရှိရကတည်းက တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာစိတ်ခံစားချက် ပြင်းထန်မြင့်တက်မှုအလျောက် ဒီအဖွဲ့အစည်းတွေကို လက်မခံနိုင်ဘူးလို့ ဖြစ်ခဲ့သည့်အပေါ်မှာလည်း အစိုးရအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း၊ မြန်မာ့နိုင်ငံအရေး၊ အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စများမှာ အမြဲတမ်းပူးပေါင်းကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု သိရသည်။

Most Read

Most Recent