ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၁ ပွိုင့်အောက်သာဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း ကျပ် ၁၃၄၇ အထိ ပြန်တက်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၁ ပွိုင့်အောက်သာဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း ကျပ် ၁၃၄၇ အထိ ပြန်တက်
Published 19 January 2018

ဇန်နဝါရီ ၁၈ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၁ ပွိုင့်အောက်ဆက်ရှိနေပြီး ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်းသည် ၁၃၄၇ ကျပ်အထိ ပြန်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် သုံးနှစ်အတွင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်နဝါရီ ၁၈ ရက်တွင် ၉၀ ဒသမ ၀၁ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သော  ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက်တွင် ၉၄ ပွိုင့်အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် စဆင်းခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် ၉၁ ပွိုင့်အောက်သို့ ဆက်ဆင်းခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂  ပွိုင့် အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက်နောက်ပိုင်းကတည်းက ပွိုင့် ၁၀၀ အောက်၊ မေ ၁၅ ရက်မှစတင်ကာ ၉၉ ပွိုင့်အောက် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၉၄ ပွိုင့်၊ နိုဝင်ဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၉၇ ပွိုင့်၊ ဒီဇင်ဘာလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၁၈ ပွိုင့် ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၇၀ ကျပ်၊ ဧပြီလတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေလတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်လတွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်လတွင် ၁၃၅၅- ၁၃၆၃ ကျပ်၊ သြဂုတ်လ တွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာလတွင် ၁၃၄၇-၁၃၅၆ ကျပ်၊ အောက်တိုဘာလတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာလတွင် ၁၃၅၆ -၁၃၅၉ ကျပ်တို့ဖြစ်ပြီး ကွာဟချက်အများဆုံး ၁၄ ကျပ်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်တွင် ၁၃၅၉ ကျပ်အထိ ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ၂၁ ရက်တွင် ၁၃၅၈ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၅၆ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၅၅ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၃၅၄ ကျပ်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၈ ရက်တွင် ၁၃၄၇ ကျပ် အထိဆက်ကျခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်တွင် ကျပ် ၁၃၅၀ အထိ ပြန်တက်ခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်တွင် ၁၃၄၇ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၃၄၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၃၄၇ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း အနည်းငယ်ပြန်တက်လာသောကြောင့် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဇန်နဝါရီ ၁၈ ရက်၌ တစ်ဒေါ်လာ ၁၃၄၆ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

Most Read

Most Recent