ယနေ့ကစားမည့် ဘွန်ဒက်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ဘွန်ဒက်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 13 April 2019

ဟန်နိုဗာ နှင့် မိုချန်ဂလာဘတ်

ဟန်နိုဗာအသင်း (၇)ပွဲဆက်တိုက် ရှုံးထားပေမယ့် အိမ် ကွင်းမှာ ရုပ်ပျက်ဆင်းပျက် သိပ်မဖြစ်ဘူး။ မိုချန်ရဲ့လက်ရှိကစား ပုံနဲ့ ဂိုးပြတ်နိုင်ဖို့မလွယ်ဘူး။

လိုက်ပ်ဇစ် နှင့် ဝုလ်ဖ်ဘတ်

ဝုလ်ဖ်ဘတ်သာ ဒီပွဲအရေးနိမ့်ရင် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အဆုံးသတ်သလောက် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ခြေတက်နေတဲ့ လိုက်ပ်ဇစ် အနိုင်ကစားမှာပါ။

စတုဂတ် နှင့် လေဗာကူဆင်

စတုဂတ်အသင်းက အိမ်ကွင်းနောက်ဆုံး(၅)ပွဲမှာ လိုက်ပ် ဇစ်တစ်သင်းတည်းကို အရေးနိမ့်ခဲ့တယ်။ ရှုံးပွဲဆက်နေတဲ့ လေ ဗာကူဆင်ထက် စတုဂတ်ကို ရွေးချယ်တာပိုကောင်းမယ်။

၀ါဒါဘရီမင် နှင့် ဖရိုင်းဘတ်

ဖရိုင်းဘတ်ကတော့ တန်းဆင်းဇုန်နဲ့(၁၁)မှတ်အထိ ကွာ ဟနေလို့ စိတ်အေးလက်အေးပါပဲ။ ရလဒ်ကောင်းနေတဲ့ ၀ါဒါဘ ရီမင် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

ဒေါ့မွန် နှင့် မိန့်ဇ်

ဒေါ့မွန်အသင်းက ဘိုင်ယန်မြူးနစ်ရဲ့ခြေချော်မှုကို စောင့်ဆိုင်းရတော့မယ့်အနေအထား ရောက်သွားတယ်။ ကိုယ်တိုင်က လည်း အမှားထပ်လုပ်လို့မရတော့တာကြောင့် ဖိအားကကြီးမားပါတယ်။ ဒါပေမဲ့ ဒေါ့မွန်က ဒီရာသီအိမ်ကွင်းပွဲတွေမှာ စိတ်ချရ တဲ့အဆင့် ထက်ဝက်ကျော်လွန်ပြီး ရလဒ်ပိုင်းကလည်း ဘိုင်ယန်မြူးနစ်ထက်တောင် ပိုကောင်းနေတယ်။ ဒီရာသီ အိမ်ကွင်း(၁၄)ပွဲမှာ (၁၂)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ ရှုံးပွဲမရှိကစားထားပြီး သရေကျတဲ့ပွဲတွေမှာလည်း နောက်ကျချေပဂိုးတွေကြောင့်သာ အမှတ် ပြည့်မရခဲ့တာပါ။ မိန့်ဇ်ကတော့ နိုင်ပွဲပြန်တွေ့ထားပေမယ့် အဝေးကွင်း(၅)ပွဲဆက် ရှုံးထားပြီး (၄)ပွဲက ဂိုးပြတ်ခဲ့တာပါ။ ဒေါ့မွန်အ သင်း ဂိုးပြတ်သွင်းဖို့များပါတယ်။

Most Read

Most Recent