ရှာကရီညာအား စာချုပ်သက်တမ်းတိုးရန် အင်တာမီလန်အသင်း သဘောတူညီရခဲ့ပြီဟု Sky Sport ဖော်ပြ

ရှာကရီညာအား စာချုပ်သက်တမ်းတိုးရန် အင်တာမီလန်အသင်း သဘောတူညီရခဲ့ပြီဟု Sky Sport ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 12 April 2019

Sky Sport ၏ ဖော်ပြချက်အရ အင်တာမီလန်အသင်းသည် ရှာကရီညာကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် အင်တာမီလန်အသင်းတွင် တစ်နှစ်လစာ ယူရိုသန်း (၃) အပြင် စွမ်းဆောင်မှုအလိုက် ဆုကြေးများရရှိမည်ဖြစ်ကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် အသင်းနောက်ခံလူ ရှာကရီညာအား စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဟု Sky Sport ရုပ်သံက ဖော်ပြခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ ဆလိုဗက်ကီးယားနောက်ခံလူ ရှာကရီညာသည် အင်တာမီလန်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခြင်းကြောင့် ဥရောပထိပ်တန်းအသင်းကြီးများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသူလည်း ဖြစ်သည်။

Sky Sport ၏ ဖော်ပြချက်အရ အင်တာမီလန်အသင်းသည် ရှာကရီညာကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် အင်တာမီလန်အသင်းတွင် တစ်နှစ်လစာ ယူရိုသန်း (၃) အပြင် စွမ်းဆောင်မှုအလိုက် ဆုကြေးများရရှိမည်ဖြစ်ကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် ရှာကရီညာအား စာချုပ်သက်တမ်းတိုးရန် ကာလကြာရှည်စွာ ကြိုးစားခဲ့ရပြီး လာမည့်ရက်သတ္တပတ်အတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ရှာကရီညာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလက ဆမ်ဒိုးရီးယားအသင်းမှ အင်တာမီလန်အသင်းသို့ ယူရို (၂၈) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၇၅) ပွဲတွင် (၄) ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent